October 19, 2024

၂၀. ၁၀. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံရှိ ကလေးငယ်များသည် အစာအာဟာရလိုအပ်ချက်များရှိနေခြင်းကြောင့် အသက် ၅ နှစ်အောက် ကလေးငယ်အားလုံး၏ ၂၉ရာခိုင်နှုန်းက ပုညက်လျက်ရှိနေကြောင်း ကမ္ဘာကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က ဖော်ပြထားသည်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်နှင့်အမျိုးသမီးပေါင်း ၂ ဒသမ ၁သန်းကျော်သည် အစာအာဟာရပြည်ဝစွာ စားသုံးနိုင်ရန်လိုအပ်နေကြောင်း၊ ကလေးငယ် ၈ သိန်းကျော်သည် အာဟာရပြည့်ဝစွာ စားသုံးနိုင်ခြင်းမျိုးမရှိကြောင်း UNICEF အဖွဲ့က နောက်ဆုံးထုတ်ပြန်ခဲ့သော Infographic များတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိအသက် ၅ နှစ်အောက် ကလေးငယ်အားလုံး၏ ၅၀ ရာခိုင်နှုန်းက Vitamin A ပြည့်ဝစွာမရကြောင်း၊ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ်နှင့်အမျိုးသမီးပေါင်းသန်းချီအပေါ် သက်ရောက်မှုများရှိလာခဲ့ကြောင်း UNICEF က ဆိုသည်။ မြန်မာနိုင်ငံရှိ ကလေးငယ်အားလုံးအနက် ၃ သန်းသည် ၎င်းတို့နေအိမ်များတွင် ဘေးကင်းမှု နှင့်သန့်ရှင်းမှုရှိသောရေကို လုံလောက်စွာမရကြောင်း၊မြန်မာနိုင်ငံရှိ အိမ်ထောင်စုသုံးစုတွင် တစ်စုက အခြေခံတစ်ကိုယ်ရေသန့်ရှင်းရေးဝန်ဆောင်မှုများကို လုံလောက်စွာ မရဘဲရှိနေကြောင်း UNICEF က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံရှိအိမ်ထောင်စုအားလုံး၏ ၆၀ ရာခိုင်နှုန်းသည် သောက်သုံးရေသန့်ကို ဘေးကင်းလုံခြုံမှုဖြစ်အောင် စီမံခန့်ခွဲနိုင်ခြင်းမျိုးမရှိကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံရှိ ကလေးငယ်များအနက် ကလေးငယ် ၃ သိန်းကျော်သည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် အသက် ၅ နှစ်အောက်ကလေး သေဆုံးမှုအရေအတွက် အများဆုံးဖြစ်နေကြောင်း UNICEF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်မွေးကင်းစ ကလေးငယ်သေဆုံးမှုနှုန်းသည် ကလေးငယ် ၁၀၀၀ တွင် အနည်းဆုံး ၃၄ ဦးသေဆုံးနေပြီး စင်ကာပူနိုင်ငံက မွေးကင်းစကလေးငယ်သေဆုံးမှုအနည်းဆုံးဖြစ်နေကြောင်း သိရသည်။

Ref; UNICEF

Leave a Reply

Your email address will not be published. Required fields are marked *