October 19, 2024

၂၁. ၁၀. ၂၀၂၃
Written By Thandar

ဝန်ကြီးများရုံးအတွင်းရှိ The Secretariat Yangon ရဲ့ သီတင်းကျွတ်ပွဲတော်နဲ့ မြန်မာ့ရိုးရာ၊ အာရှရိုးရာယဉ် ကျေးမှု မင်္ဂလာဝတ်စုံတွေကို ဖော်ထုတ်ပြသသွားမယ့် Moment To Eternity Wedding Exhibition ပြပွဲကို လာမယ့် အောက်တိုဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ နံနက် ၉ နာရီက စတင်ကာ ဝင်ကြေးအခမဲ့နဲ့ ကျင်းပမှာဖြစ်ပါတယ်။

SY Thadingyut ” Moment To Eternity ” Wedding Exhibition စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ The Secretariat Yangon မှာ ကျင်းပခဲ့ရာ သရုပ်ဆောင် မောင်နဲ့ ရီရီပွပွင့်ဖြူ၊ မိတ်ကပ်မေဦးမောင် စသူတွေနဲ့ တာ၀န်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

“ဒီပွဲမှာ မြန်မာ့ရိုးရာ ၊ အာရှရိုးရာယဉ်ကျေးမှု မင်္ဂလာဝတ်စုံတွေကို မြင်တွေ့ရမယ့် ပထမဆုံးပွဲလေးပါ။ ဒီပွဲမှာ Dior by Heart အပါအ၀င် အခြား ဆက်စပ်လုပ်ငန်းတွေကလည်း ပရိုမိုရှင်းအစီအစဉ်တွေနဲ့ ပါ၀င်မှာ ဖြစ်ပါတယ်။ ၂၀၂၄ မှာ မင်္ဂလာဆောင်ကြမယ့် မင်္ဂလာစုံတွဲတွေကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပွဲတော်ရက် အတွင်းမှာ ၀င်ကြေးအခမဲ့နဲ့ ၀န်ကြီးများရုံးမှာ လာရောက်ကြည့်ရှုနိုင်တာမို့လို့ လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါ တယ်” လို့ Dior by Heart ရဲ့ Founder ကိုကျော်ရွှေမင်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-21_14-43-50-682x1024.jpg

SY Thadingyut & Moment To Eternity Wedding Exhibition ပွဲမှာ မင်္ဂလာပွဲဝန်ဆောင်မှု ၊ Gold & Diamond Jew Ellery shop ၊ Beauty & Aesthetic Clinic ၊ Fashion Designer wedding Invitation & gift ၊ fabric & silk အပါအဝင် အလှအပ လူသုံးကုန်၊ စားသောက်ကုန် လုပ်ငန်းတွေနဲ့ သီတင်းကျွတ် Tradition & Culture wedding exhibition ကို နိုင်ငံကျော် အနုပညာရှင်တွေနဲ့ အတူ စည်းကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။

” ဒီပွဲမှာ ပါ၀င်ဖြစ်တာက ရှေးဟောင်း ဗိသုကာလက်ရာတွေနဲ့ ခမ်းနားတဲ့ ၀န်ကြီးများရုံးမှာ ကျင်းပတဲ့ ပွဲလေးဖြစ်လို့ လာရောက်ပါ၀င်ပြသဖြစ်တာပါ။ ၀န်ကြီးများရုံးမှာ မင်္ဂလာအခမ်းအနား ကျင်းပလိုတဲ့ သူတွေအနေနဲ့ မဖြစ်မနေ လာရောက်လေ့လာသင့်တဲ့ ပွဲလေးတစ်ပွဲပါ။ ပွဲမှာလာရောက်မယ့် မင်္ဂလာမောင်နှံတွေအတွက် စိတ်တိုင်းကျမှုအပြည့်အ၀ရမယ်လို့ထင်ပါတယ်” လို့ KS Collection Wedding Planner တည်ထောင်သူ ဒေါ်၀င်းမြင့်မိုး က ပြောပါတယ်။

ဒါ့ပြင် ရန်ကုန်မြို့ရဲ့ အချက်ချာအကျဆုံး Location ကိုလိုနီခေတ် ဗိသုကာလက်ရာတွေ ခမ်းနားထည်ဝါ လှပမှုတွေတည်ရှိတဲ့ ရန်ကုန်ဝန်ကြီးများရုံးမှာ သီတင်းကျွတ်မီး အလှအပတွေနဲ့ အတူ ပြည်တွင်းထုတ်ကုန်တွေ ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ Wedding Planner တို့ရဲ့ Promotion အစီအစဉ်တွေ၊ Fashion designer တို့ရဲ့ ဖန်တီးမှု လက်ရာအသစ်တွေ ၊ အလှအပရေးရာ အကြံပြုပေးတာ၊ လက်တွေ့သရုပ်ပြသမှုတွေနဲ့အတူ စိတ်လက်အ ပန်းပြေစေဖို့အတွက် ဖျော်ဖြေရေးအစီအစဉ်တွေ ပါ၀င်မှာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀ ကျော် ခင်းကျင်း ပြသသွားမှာဖြစ်တဲ့အတွက် မည်သူမဆို ဝင်ကြေးအခမဲ့နဲ့ လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *