October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Pan Ei

နာမည်ကြီး အော်စကာဆုရ ကိုရီးယားရုပ်ရှင် Parasite ထဲက ထိပ်တန်းမင်းသား Lee Sun Kyun ဟာ မူးယစ်ဆေးဝါးအမှုနဲ့ အင်ချွန်းမြို့တော်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကိုခံနေရတယ်လို့ တောင်ကိုရီးယားသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မင်းသား Lee Sun Kyun အပါအဝင် လူ ရှစ်ဦးကို အခုနှစ်အတွင်း တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့အတူ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေချိုးဖောက်မှု စွဲချက်နဲ့ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်းသား Lee Sun Kyun ရဲ့ အေဂျင်စီ HODU&U က “မင်းသား Lee Sun Kyun နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တဲ့အတွက် ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ်။ ကျွန်တော်တို့လည်း အချက်အလက်တွေကို စစ်ဆေးနေပြီး အနာဂတ်မှာလည်း ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူ့ရဲ့နောက်ထွက်ရှိမယ့် ဒရမ်မာ No Way Out ကတော့ ဒီသတင်းကြောင့် အပြင်းအထန် ရိုက်ခတ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ မကြာသေးမီက ဒရမ်မာ No Way Out ရဲ့ပထမဆုံးရိုက်ကူးမှုကို စတင်ခဲ့တာဖြစ်ပြီး မင်းသား Lee Sun Gyun ဟာ ဒီဒရမ်မာအတွက် ပထမဆုံးရိုက်ကူးမှုကို အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ရိုက်ကူးဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရုတ်တရတ်အငြင်းပွားမှုတွေကြောင့် Lee Sun Kyun က ရိုက်ကူးရေးမှာ ပါဝင်ဖို့မဖြစ်နိုင်သလို Lee Sun Kyun ရဲ့ လက်ရှိအခြေအနေကြောင့် No Way Out ရဲ့ သူ့ နေရာမှာ အစားထိုးဖို့လည်း အလားအလာရှိနေပုံရပါတယ်။

No Way Out မှာ Lee Sun Kyun အပြင် Yoo Jae Myung၊ Yum Jung Ah၊ Kim Mu Yeol နဲ့ Lee Kwang Soo တို့လို ထင်ရှားတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *