October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Nyein Kyaw

iMyanmar House နှင့် CARSDB တို့မှကြီးမှူး၍ (၁၅) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကို ရန်ကုန်မြို့ရှိ LOTTE HOTEL တွင် အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အရောင်းပြပွဲအတွင်း နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီပေါင်းများစွာမှ ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ တိုက်ခန်း၊ ကွန်ဒိုနှင့် Luxury ကွန်ဒိုများ၊ မြေကွက်သီးသန့်ဝယ်ယူလိုသူများအတွက် ခိုင်မာသည့်မြေကွက်များ၊ လုံးချင်းအိမ်ရာများ၊ မြန်မာနိုင်ငံတဝှမ်းရှိ အိမ်ခြံမြေများနှင့် ဘန်ကောက်မြို့ရှိ ကွန်ဒိုများစွာ၊ ကားမော်ဒယ် အမျိုးအစားပေါင်းများစွာ၊ နာမည်ကြီး Car Brand ပေါင်းများစွာကို စုံစုံလင်လင် ရောင်းချပေးနေခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 2-10-1024x579.jpg

ဧရာဝတီဘဏ် (AYA Bank) မှ Official Banking Partner အဖြစ် ပြခန်းနေရာတွင် အိမ်ရာချေးငွေနှင့် ကားချေးငွေများလည်း တစ်ထိုင်တည်းလျှောက်ထားနိုင်ရန် စီစဉ်ထားပြီး အထူးလျှော့ဈေးနှုန်းများ၊ အကောင်းဆုံး ငွေချေစနစ်များ၊ နှစ်ရှည်အရစ်ကျစနစ်များ၊ ခိုင်မာမှုရှိသည့် စာချုပ်စာတမ်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပြပွဲမှာက အိမ်ခြံမြေနဲ့ကား အရောင်းပြခန်းပေါင်း ၃၀ ကျော်ပြသထားတယ်။ ဒီထဲမှာ အိမ်ခြံမြေပြခန်းက ၉၀ ကျော်ပါတယ်။ ကားတွေကတော့ Show Room တွေကို ကားမရောက်တာကြောင့် ပြခန်းနည်းနည်းပဲပြနိုင်တာ။ အိမ်ခြံမြေမှာဆို မြို့နယ်ပေါင်း‌တော်တော်စုံတယ်။ ကလောတို့၊ တောင်ကြီးတို့က အိမ်ရာစီမံကိန်းတွေလည်း ပြသထားတယ်” ဟု iMyanmar House ၏ Managing Director ဦးနေမင်းသူက ပြောသည်။

This image has an empty alt attribute; its file name is 4-9-1024x579.jpg

အဆိုပါ အိမ်ခြံမြေနှင့် ကားပြပွဲကြီးအတွင်း ရန်ကုန်မြို့တွင်း အဆင့်မြင့်ကွန်ဒို၊ တိုက်ခန်းများအပြင် ဒဂုံမြို့သစ်များဖြစ်သည့် တောင်ဒဂုံမြို့နယ်မှ မြေကွက်များကိုလည်း ရောင်းချပေးလျက်ရှိသည်။ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလောမြို့တို့တွင် အကောင်အထည်ဖော်လျက်ရှိသည့် အိမ်ရာစီမံကိန်းများကိုလည်း ပြသရောင်းချပေးနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *