October 19, 2024

၂၁. ၁၀. ၂၀၂၃
Written By Treasure

လက်ရှိကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရဲ့ ဂိုးသွင်းရှင်စာရင်းမှာတော့ မြန်မာအသင်းရဲ့ အားထားရတဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ လွင်မိုးအောင်က မက်ဆီ၊နေမာ၊ ရိုဒရီဂို ၊ ဒါဝင်နူးနက်စ်တို့နဲ့အတူ ပါဝင်နေ
တာ ဖြစ်ပါတယ်။

လွင်မိုးအောင်ဟာ ပြီးခဲ့တဲ့ မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ မြန်မာအသင်းအတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာကြောင့် အခုလိုပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-21_12-29-28.jpg

၂၀‌‌၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ ဂိုးအများသွင်းယူထားတဲ့ ဂိုးသွင်းရှင်စာရင်းမှာ ကမ္ဘာကျော် အာဂျင်တီးနားတိုက်စစ်မှုး မက်ဆီ၊ အင်ဒိုနီးရှားအသင်းက ဒါဂျက်နဲ့ ဆာနန်တာ၊ ဥရုဂွေးအသင်းက နီကိုးဒါလာခရုတို့ကတော့ သွင်းဂိုး(၃)ဂိုးစီနဲ့ ဦးဆောင်နေပြီး မြန်မာအသင်းက လွင်မိုးအောင်၊ ဘရာဇီးအသင်းက နေမာနဲ့ ရိုဒရီဂို၊ တရုတ်တိုင်ပေအသင်းက ယူယိုရှင်း၊ အီကွေဒေါအသင်းက တောရက်၊ ဟောင်ကောင်အသင်းက မိုက်ကယ်၊ အင်ဒိုနီးရှားအသင်းက ကာရာဂါနဲ့ ရစ်ဟို၊ ပါရာဂွေးအသင်းက ဒါဝင်နူးနက်စ်၊ ဗင်နီဇွဲလားအသင်းက ဆိုလမွန်ရွန်ဒွန်၊ ယီမင်အသင်းက အလီမာတရီတို့ကတော့ သွင်းဂိုး(၂)ဂိုးစီ သွင်းယူထားပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

မြန်မာအသင်းရဲ့ တောင်ပံကစားသမား လွင်မိုးအောင်ဟာ တစ်ချိန်က ပြင်သစ်နိုင်ငံသားနည်းပြ ဘန်လာဘီကိုင်တွယ်ခဲ့တဲ့ ဖီးနစ်မြန်မာ ယူ-၁၈ အသင်းက ထွက်ပေါ်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကတည်းက ထိုင်းလိဂ်-၂ကလပ် ရရောင်းအသင်းကို ပြောင်းရွှေ့ကစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *