October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Nay Moe

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ ရန်အောင်စေတီ၊ မြို့နယ်ပညာရေးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးနှင့် ထွေအုပ်ရုံးနှင့် ကန်ပက်လက်အထက်တန်း ကျောင်းတို့ကို CDF ကန်ပက်လက်က သွားရောက်တိုက်ခိုက်ရာမှ လူနှစ်ဦးသေဆုံးဟု Chin Defense Force – Kanpetlet က ယနေ့ထုတ်ပြန်သည်။

This image has an empty alt attribute; its file name is photo_2023-10-21_12-18-20-1024x576.jpg

SAC ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးထားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အ.ထ.ကကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက် ၆ နာရီမှ ၁၁ နာရီအထိ CDF-Kanpetlet တပ်ဖွဲ့ဝင်များမှ စစ်ကြောင်းငါးကြောင်းခွဲကာ တပြိုင်နက်တည်း သွား ရောက်တိုက်ခိုက်ပစ်ခတ်ခဲ့ရာမှ လူနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် CDF-Kanpetlet တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် ကန်ပက်လက်မြို့တွင်းတွင် စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်သဖြင့် တပ်စခန်းနှင့် နီးသောနေရာများတွင် နေထိုင်ခြင်းမပြုကြရန်လည်း CDF ကန်ပက်လက်က အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *