October 19, 2024

၂၁. ၁၀. ၂၀၂၂
Written by Nay Moe

ရေစကြိုမြို့နယ်တွင် ပြည်သူလေးဦးကို လေးလောင်းပြိုင်သ-တ်ဖြတ်မှုအပါအဝင် သတင်းပေးဒလန်ဟု စွပ်စွဲကာ လူ ရှစ်ဦးကို PDF များက တစ်နေ့တာအတွင်း သ-တ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၅ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်အတွင်းသို့ PDF ၁၀ ဦးခန့်ရောက်ရှိလာပြီး အဆိုပါရပ်ကွက်နေသူများဖြစ်သည့် ဒေါ်ပိုးဒါလီ (၃၀)နှစ်နှင့် ဦးမိုးနိုင်(၄၅)နှစ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားကာ ကောလင်း-ဥက္ကံရွာသွားလမ်းပေါ်ရှိ ခေါပြင်ချောင်း အနီးအရောက်၌ ဒေါ်ပိုးဒါလီအား သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ဝဲပါး၊ ရင်ညွန့်တို့၌ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲပေါင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်းနှင့် ဦးမိုးနိုင်အား PDF များက ရွာမကျေးရွာဘက်သို့ ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးမိုးနိုင်အား ပြန်လည်ကယ်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာသို့ PDF ၂၅ ဦးခန့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးထွန်းမင်းလွင် (၄၀)နှစ်၊ ၎င်း၏ဇနီး ဒေါ်ကေသီခိုင် (၄၀)နှစ်၊ ဦးဉာဏ်မြင့် (၅၄)နှစ်၊ ဦးသန်းနုဝင်း (၅၆)နှစ်တို့အား ပစ်ခတ်သတ်ဖြတ်သွားသည့်အပြင် ဦးထွန်းမင်းလွင်၏ သားဖြစ်သူ မောင်သော်ဇင်ထွန်း (၅)နှစ်ကိုလည်း ပစ်ခတ်သဖြင့် ယာလက်မောင်း ကျည်ထိမှန်ဒဏ်ရာ တစ်ချက်ရရှိထားသည်ကိုတွေ့ရှိခဲ့ရသည်ဟု သိရသည်။ ဒေသတွင်းသတင်းများအရ အဆိုပါလေးဦးမှာ USDP ပါတီဝင်များဖြစ်၍ စစ်တပ်ထောက်ခံသည်ဟုဆိုကာ PDF များက လာရောက်သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ထို့အတူ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သိမ်ရွာကျေးရွာနေ ဦးအောင်နိုင်ဝင်း (၃၈)နှစ်သည် တစ်ရွာတည်းနေသူများဖြစ်သည့် ဒေါ်ရွှေရည်ဝင်း(၄၀)နှစ်၊ ဒေါ်ထွေးငယ်(၄၁)နှစ်တို့နှင့်အတူ သိမ်ရွာကျေးရွာ၏တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ၎င်းပိုင် မြေပဲစိုက်ခင်းမှ သိမ်ကျေးရွာသို့ နွားလှည်းဖြင့်ပြန်လာစဉ် ကျေးရွာအနီးအရောက်၌ ဆိုင်ကယ်နှစ်စီး မောင်းနှင်လာသည့် PDF သုံးဦး (စိစစ်ဆဲ)က နွားလှည်းအား ရပ်တန့်ခိုင်းကာ ဦးအောင်နိုင်ဝင်းအား “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးအောင်နိုင်ဝင်းတွင် ဦးခေါင်း၊ မျက်နှာ၊ ခါး၊ ကျောနှင့် ယာလက်တို့၌ ကျည်ထိမှန်ဒဏ်ရာ ၆ ချက် ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ရာအိမ်မှူး ဦးသန်းမင်း(၄၅)နှစ်သည် သံလျက်မှော်အနောက် ရပ်ကွက်၊ ၄၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ “ရွှေကောင်းမြတ်”လက်ဖက်ရည်ဆိုင်ရှိ အိပ်ခန်း အတွင်းအိပ်နေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးသန်းမင်းအား သေနတ်ဖြင့်ပစ်ခတ်ကာထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ဝဲမျက်လုံးနှင့် ဝဲပါးတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် ယင်းနေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဖက်တေးကုန်းရွာ နေ မောင်မောင် (ခ)ကိုသန့်ဇင်မင်း (၃၁)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် မောင်မောင်(ခ)ကိုသန့်ဇင်မင်းတွင် ရင်ဘတ်နှင့်ဝမ်းဗိုက်တို့၌ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် အောက်တိုဘာလဆန်းအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၆၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်ဖြ-တ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *