October 19, 2024

၂၁. ၁၀. ၂၀၂၃
Written by Nay Moe

ပခုက္ကူမြို့နယ်၊ ကျပ်ထိုးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးထားသည်ဟု ပခုက္ကူပကဖအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်ကို စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီခန့်အချိန် ပခုက္ကူမြို့နယ်၊ ကျပ်ထိုးရဲစခန်းမှ ကမ္မမြို့သို့စျေးဝယ်လာစဥ် လမ်းခုလပ်တွင် ပခုက္ကူပကဖအဖွဲ့မှ PDF များက G3 တစ်လက်နှင့်အတူအရှင်ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ပခုက္ကူ PDF များက ဖမ်းမိထားသော ရဲဘော်အား စစ်ဝတ်စည်းကမ်းများနှင့်အညီထားရှိပြီး လိုအပ်သည့်အရေးယူဆောင်ရွက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့_(ပကဖ) ၏ ထုတ်ပြန်ချက်တွင် ဖော်ဲထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *