October 23, 2024

MT News

Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ပေသောင်ကျေးရွာအနီးတွင် နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်၌ PDF များက အလယ်တန်းပြဆရာမတစ်ဦးကို ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ပြီး ခရီးသည်များထံမှ လက်ကိုင်ဖုန်းများလုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း SAC က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် ညနေ ၄ နာရီတွင် မန္တလေးမြို့မှ တကောင်းမြို့သို့ ထွက်ခွာလာသည့် ယာဉ်မောင်း ဦးမောင်မောင် မောင်းနှင်ပြီး ခရီးသည် ကျား ၁ ဦး၊ မ ၄ ဦး လိုက်ပါလာသည့် ရတနာပုံယာဉ်လိုင်းမှ မော်တော်ယာဉ်အမှတ်၊ 7J/8833 Hiace ယာဉ်အား သပိတ်ကျင်းမြို့နယ်၊ စံပ္ပါယ်နဂိုလ်ကျေးရွာအနီးသို့ အရောက်တွင် PDF အဖွဲ့ဝင် ၆ ဦးမှ ယာဉ်အားတားဆီးခဲ့ပြီး ယာဉ်မောင်းအား သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်၍ ယာဉ်အားဆက်လက်မောင်းနှင်စေခဲ့သည်။

အဆိုပါယာဉ်သည် သပိတ်ကျင်းမြို့နယ်၊ ပေသောင်ကျေးရွာအနီးသို့အရောက်တွင် မော်တော်ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်တစ်ဦးချင်းစီ၏ အမည်များအား PDF အဖွဲ့မှ စစ်ဆေးမေးမြန်းခဲ့ပြီး ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ မူလတန်းပြဆရာမ ဒေါ်မိုးမိုးစံ၊ ၄၁ နှစ်အားခေါ်ထုတ်၍ ၎င်းယာဉ်အနီး၌ပင် လည်ပင်းအား ဓားဖြင့်ခုတ်၍ လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *