October 19, 2024

၂၁.၁၀.၂၀၂၃
Written By Thandar

အောက်တိုဘာ ၂၀ ညပိုင်းက ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International 2023 ရဲ့ National Costume Competition မှာ “Glowing light in the land of civilization” ဝတ်စုံနဲ့ မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

“ဒီည နီနီ အရမ်းကြိုးစားခဲ့ပါတယ်။ Great Performance ပေးခဲ့ပါတယ်။ Rehearsal တစ်ခါပဲကျင့်ချိန်ရခဲ့တဲ့ Costume ပါ။ International stage တစ်ခါမှ မတက်ဖူးတဲ့ နီနီ့အတွက် ဒီအရာတွေကစိန်ခေါ်မှုကြီးတွေပါ။ Day 1 ထဲကနေ နီနီ ရှိသမျှအားအကုန်နဲ့ ခရီးစခဲ့ပါတယ်။ Fans တွေနဲ့တူတူ ကြိုးစားခဲ့တာ အခုဆို ပွဲကြီးနီးလာပြီ “လို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နီနီလင်းအိမ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-21_10-02-05-823x1024.jpg

သူမရဲ့ Nation Costume ကိုတော့ဒီဇိုင်နာ Bos Suwannawat က “ယဉ်ကျေးမှုထွန်းကားသော အလင်းရောင်” “Glowing light in the land of civilization” ခေါင်းစဉ်အောက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက အနုပညာနဲ့ ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ နေရာဒေသ၊ ဓလေ့ထုံးတမ်း၊ လူနေမှု ပုံစံ၊ ဝတ်စားဆင်ယင်မှုရယ် တခြားအရာတွေအနေနဲ့ မြန်မာ့ဒေါင်းဒင်္ဂါးပင်ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အမျိုးသားဝတ်စုံကိုလည်း ဗမာ့လူမျိုး‌တွေရဲ့ ချမ်းသာမှုကို ပြသဖို့အတွက် ဒီဝတ်စုံကို ဖန်တီးခဲ့တာလို့ သိရပါတယ် ။

” နီနီတအားဖျားခဲ့ပေမယ့် မနားခဲ့ပါဘူး။ ဒီနေ့ဝတ်စုံက အလှပြရ အရမ်းခက်ပါတယ်။ ခေါင်းတင် တော်တော်​လေးတာ။ နီနီနောက်ဆုံး မတ်တပ်ရပ်ချိန်မှာ မူးလဲမလိုဖြစ်သေးပါတယ်။ နီနီ အိမ်ကိုတအားလွမ်းလို့ ငိုမိတယ်။ ဒါပေမယ့် Fans တွေရဲ့ အားနဲ့ ရှေ့ဆက်သွားမယ်။ အကောင်းဆုံး Costume အတွက် Bos Suwannawat thank you so so much “လို့ သူမကဆက်ပြောပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *