October 20, 2024

၂၀. ၁၀. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ကံဇီးရွာမှ ရှေ့ကင်းထွက်လာသော ရဲတပ်သားနှစ်ဦးအား မုံရွာ PDF ငါးဖွဲ့က ပစ်ခတ်သ-တ်ဖြတ်လိုက်သည်ဟု မုံရွာခရိုင် အမှတ် (၅) တပ်ရင်း – Aung San Force က ယနေ့ထုတ်ပြန်သည်။

အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်တွင် ကံဇီးရွာမှ ရိက္ခာရှာနှင့် ရှေ့ကင်းထွက်လာသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား မုံရွာ PDF စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တစ်ဦးနေရာတွင် ကျဆုံးပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းထန်ဖြင့် အရှင်ဖမ်းဆီးရမိခဲ့သော်လည်း ရရှိဒဏ်ရာဖြင့် ကျဆုံးခဲ့သည်ဟု သိရသည်။

မုံရွာ PDF ငါးဖွဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးသော ရဲတပ်သားများမှာ ရဲတပ်ရင်း(၂၆)မှ ရဲတပ်သား -ထွန်းကျော်စွာ(ခ)ထွန်းထွန်းနှင့် ရဲတပ်သားအောင်ဆန်းမြင့်တို့ဖြစ်ပြီး ၎င်းတို့ထံမှ G3 (၂)လက်၊ ကျည်အိမ်(၅)ခု၊7.62 ကျည် (၁၅၀‌)၊ ကျည်ကာအင်္ကျီ (၁)ထည်၊ လက်ကိုင်ဖုန်း (၁)လုံး၊ ဆိုင်ကယ် (၁)စီး၊ ဘေးလွယ်အိတ်(၁)လုံး၊ ဓားရှည် (၁)လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု မုံရွာခရိုင် အမှတ် (၅)တပ်ရင်း – Aung San Force က ဆိုသည်။

ထိုတိုက်ခိုက်မှုကို ဗျုဟာတပ်ရင်း(၄)ရင်း ဖြစ်သော မုံရွာခရိုင်တပ်ရင်း(၅) Aung San Force A.S.F၊ မုံရွာခရိုင်တပ်ရင်း(၇)၊ မုံရွာခရိုင်တပ်ရင်း(၂၅)သံမဏိ Force MPDF၊ မုံရွာခရိုင်တပ်ရင်း(၂၈) တို့နှင့်အတူ We Must Win မီးတောက်တပ်ခွဲ(၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု မုံရွာခရိုင် အမှတ် (၅) တပ်ရင်း Aung San Force – A.S.F ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *