October 20, 2024

အမျိုးသမီးနှစ်ဦးသ-တ်ဖြတ်ခံရသော မြေပုံညွှန်းမြင်ကွင်း။

၂၀. ၁၀. ၂၀၂၃
Written by Nay Moe

တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ကျားကွက်သစ်၊ ဓမ္မစိန္တာလမ်းတွင် အမျိုးသမီးကြီးနှစ်ဦး ယနေ့ လုယက်သ-တ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

“ဓမ္မစိန္တာလမ်း ရှစ်လွှာမှာနေတဲ့ အမျိုးသမီးကြီးနှစ်ယောက်ကို လုယက်သ-တ်ဖြတ်သွားတာ။ ဖြစ်တာက မနေ့ညကဖြစ်တာလို့ပြောတယ်။ သူ့အမျိုးအိမ်လာချိန်မှ သေနေတာတွေ့မှ ရဲကိုအကြောင်းကြားတာ။ သေတဲ့အထဲတစ်ယောက်က အငြိမ်းစားကျောင်းဆရာမ။ သ-တ်တဲ့သူက သူတို့ခေါ်ခိုင်းနေကြလူတဲ့။ အခုတော့တရားခံမိပြီလို့လည်း သိရတယ်” ဟု ကျောက်မြောင်းတွင်နေထိုင်သူတစ်ဦးက MT News သတင်းဌာနကို ကြားသိရသည်များ ပြန်လည်ပြောပြသည်။

ကနဦးသတင်းများအရ သ-တ်ဖြတ်ခံရသူနှစ်ဦးမှာ ဒေါ်မေရီတင်နှင့် ဒေါ်မေစန္ဒာထွေးဆိုသူတို့ဖြစ်ကြောင်း၊ ထိုနေအိမ်တွင် အမျိုးသမီးသုံးဦးနေထိုင်ပြီး တစ်ဦးမှာ တရားစခန်းဝင်နေကြောင်း၊ သ-တ်ဖြတ်သူမှာ နေအိမ်တွင် ခိုင်းစေနေကျလူဖြစ်ပြီး Sunshade အမိုးပြင်မည်ဟုဆိုကာ နေအိမ်သို့ရောက်လာချိန်တွင် လုယက်သ-တ်ဖြတ်မှုကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခန်းတွင် နေထိုင်သူတစ်ဦးပြောကြားချက်အရ ခေါင်မိုးဖောက်ဝင်ကာ သ-တ်ဖြတ်ခဲ့သည့်ဓားကို မလွှကုန်းဘူတာတွင် စွန့်ပစ်ခဲ့ကြောင်း ကြားသိရသည်။

MT News သတင်းဌာနအနေဖြင့် ထိုဖြစ်စဥ်မှန်ကန်မှုရှိမရှိကို တာဝန်ရှိသူများထံ ဆက်လက်အတည်ပြုစိစစ်နေပြီး အသေးစိတ်သိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *