၁၉. ၁၀. ၂၀၂၃
Written by Thettant
၂ဝ၂၃ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲတော်အား ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဥ်နေကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲတော်အား ပြည်သူ့ရင်ပြင်တွင် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို) တို့ပူးပေါင်း၍ တင်ဆက်မည့်အစီအစဉ်များဖြင့် ကျင်းပမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ခေတ်ပေါ် DJ၊ Dancer အကအလှများလည်း ပါဝင်မည်ဖြစ်ကာ စျေးဆိုင်ခန်းများ၊ မီးထွန်းပွဲတော်ဆင်ယင်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။