၂၀. ၁၀. ၂၀၂၃
Written By Treasure
နှစ်တစ်နှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေကိုသာ ချီးမြှင့်လေ့ရှိတဲ့ Ballon d’or ဆုဟာ ကမ္ဘာအရပ်ရပ်က ဘောလုံးသမားတွေတိုင်း လိုချင်ကျတဲ့ ဆုတံဆိပ်တစ်ခုဖြစ်ပြီး အခုနှစ်အတွက် Ballon d’or ဆု ဇကာတင်စာရင်းထဲမှာ တောင်ကိုရီးယားအသင်းရဲ့ ခံစစ်မှုး ကင်မင်ဂျေးလည်း ပါဝင်နေပါတယ်။
ကိုရီးယားအသင်းရဲ့ ဗဟိုခံစစ်မှုး ကင်မင်ဂျေးဟာ အသင်းဖော် တိုက်စစ်မှုး ဆွန်ဟောင်မင်ကို ဖြတ်ကျော်ပြီး Ballon d’or ဆန်ခါတင်စာရင်းထဲမှာ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဘန်ဇီးမား၊ ဒီဘရိုင်း၊ လီဝန်ဒေါစကီး၊ ဆာလာ၊ ဟာလန်း၊ ဂရေ့စ်မန်း၊ မိုဒရစ်စတဲ့ ကစားသမားတွေနဲ့အတူ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အသက်၂၇နှစ်အရွယ် နောက်ခံလူ ကင်မင်ဂျေးဟာ တောင်ကိုရီးယားနိုင်ငံ ယွန်ဆေးတက္ကသိုလ်အသင်းကနေ ထွက်ပေါ်ခဲ့တဲ့ တက္ကသိုလ်လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပြီး အသက်၂၀ အရွယ်မှာ တောင်ကိုရီးယား တတိယတန်းကလပ် ဂျောင်ဂျူးအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်နိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် နောက်ရာသီမှာ ကေ လိဂ်-၁ ကလပ် ဂျောင်ဘတ်ဟွန်ဒိုင်းအသင်းမှာ သွားရောက်ကစားနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကင်မင်ဂျေးဟာ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအွန်အသင်း၊ တူရကီကလပ် ဖီနာဘာဂျီအသင်းနဲ့ အီတလီကလပ် နာပိုလီအသင်းတွေကို ပြောင်းရွေ့ကစားခဲ့ပါတယ်။ နာပိုလီအသင်းမှာ ကင်မင်ဂျေးဟာ ခြေစွမ်းပြသနိုင်မှုနဲ့အတူ ဥရောပဘောလုံးလောကမှာ ထင်ရှားလာခဲ့ပြီး အခုရာသီမှာတော့ ဂျာမနီထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွေ့ခဲ့ပါတယ်။
နောက်ခံလူ ကင်မင်ဂျေးဟာ ၂၀၁၁ ခုနှစ်ကနေ စတင်ပြီး တောင်ကိုရီးယား လူငယ်လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၇ခုနှစ်မှာ တောင်ကိုရီယားလက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခဲ့ရသလို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့အောင် စွမ်းဆောင်ထားခဲ့ပါတယ်။
ဒီနှစ်မှာ Ballon d’or ဆုအတွက် ဟာလန်းနဲ့ မက်ဆီတို့ရရှိမယ်လို့ ရေပန်းစားနေတာဖြစ်ပေမဲ့ ပေါက်ကြားလာတဲ့သတင်းအချို့အရတော့ မက်ဆီကပဲ ၈ ကြိမ်မြောက်အဖြစ် ရရှိသွားမဲ့အခြေအနေဖြစ်ပါတယ်။