September 21, 2024

၂၀. ၁၀. ၂၀၂၃
Written by Thettant

၁၆ နှစ်အရွယ်အမျိုးသမီးငယ်ကို ဘီယာငှဲ့ပေးလျှင် တစ်လ ကျပ်သုံးသိန်းရမည်ဆိုကာ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မိုးသီတာ(ခ) သဲသဲနှင့် ကျော်ဇင်လတ်(ခ) ကိုလင်းတို့က တစ်မြို့တည်းနေ မ −−−၊ (၁၆ နှစ်) အား လားရှိုးမြို့ရှိ KTV ဆိုင်တွင် ဘီယာဗန်းကိုင်ခြင်းနှင့် ဘီယာငှဲ့ပေးသည့် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်လလျှင် ငွေကျပ်သုံးသိန်းခန့်ရမည်ဟု လိမ်လည် စည်းရုံးပြောဆို၍ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်းက (ပ) ၁၈၃/၂၀၂၂၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်ခဲ့သည်။

ထို့နောက် တွံတေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၁၈ ရက်တွင် တရားခံ မိုးသီတာ(ခ) သဲသဲ ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကျော်ဇင်လတ် (ခ) ကိုလင်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *