September 20, 2024

၁၉. ၁၀. ၂၀၂၃

Written by Hey Mar

လမ်းဖြတ်ကူးတဲ့ ဘုန်းကြီးတစ်ပါးကို ယာဥ်တစ်စီးက တိုက်ဖြတ်ကြိတ်ကာ မောင်းနှင်ထွက်ပြေးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ အောက်တိုဘာ ၁၉ ရက် ည ၇ နာရီ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်ဟာ မန္တလေး-လားရှိုးလမ်းမ ရွှေထိပ်တန်း လက်ဖက်ရည်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရရှိတဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံကြီးအရောက်မှာ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is 393422225_122128689668030934_8148756374252773259_n.jpg

မြေပြင်ကူညီဆောင်ရွက်မှုတွေ သွားရောက်လုပ်ဆောင်ခဲ့တဲ့ တုသိတာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက” ဘုန်းဘုန်းက သက်တော် ၈၉ နှစ်လို့ သိရတယ်။ ဘုန်းဘုန်းနဲ့အတူ နောက်ထပ် ဦးဇင်းတစ်ပါးလည်း ပါပါတယ်။ တိုက်တဲ့ကားတော့ မိမမိ မသိသေးပါဘူး။ မောင်းပြေးသွားတာပါ။ ခါးကနေ ဖြတ်ကြိတ်မိတဲ့ ဒဏ်ရာကအတော်ပြင်းထန်တော့ ဆေးရုံအရောက်မှာ ဆုံးပါးတယ်” လို့ ပြောပါတယ်။

ယာဥ်တိုက်ခံရတဲ့ ဘုန်းကြီးက ပြင်ဦးမြို့နယ်၊ ပြင်စာကျေးရွာအောက်ဘက် ၁၉ မိုင်ကျောင်းတိုက်ကလို့ သိရှိရပြီး တုသိတာလူမှုကူညီရေးအသင်း စေတနာ့ဝန်ထမ်းတွေကပဲ ပြင်ဦးလွင် ဆေးရုံကြီးအရေးပေါ်ဌာနကနေ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – တုသိတာလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *