September 21, 2024

၂၀. ၁၀. ၂၀၂၃
Written by KL

မွန်ပြည်နယ် ဘီးလင်းမြို့ အင်းဖျားရွာအနီး အနိုင်ပွန်းလမ်းမကြီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးကို တွေ့ရှိရပြီး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ဦးခေါင်းနှင့် မျက်နှာများတွင် ညိုမဲဒဏ်ရာများစွာရှိနေပြီး ရေမြောင်းထဲတွင် သေဆုံးနေသည်ကို အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-10-20_12-46-46-768x1024.jpg

“အခုချိန်ထိ ဘယ်သူမှန်း၊ ဘယ်ကမှန်းလည်းမသိရသေးပါဘူး။ အလောင်းကိုတော့ ဘီးလင်းမြို့နယ် ​ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်”ဟု သေဆုံးသူကို သယ်ယူပို့ဆောင်ပေးခဲ့သည့် ဘီးလင်းမြို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်အသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *