September 20, 2024

၂၀. ၁၀. ၂၀၂၃
Written by Peya

လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသော မြန်မာအလုပ်သမားအတွက် နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေတစ်သန်းရရှိခဲ့ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက သိရသည်။

သေဆုံးသူမှာဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ Evergrowing Resources Recycling (Thailand) Co., Ltd သို့ လာရောက်အလုပ်လုပ်ကိုင်သူအလုပ်သမား မောင်ဇော်လင်းထက်ဖြစ်ကာပြီးခဲ့သည့်နှစ် မေလ ၁၂ ရက်တွင် လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကားတိမ်းမှောက်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ကျန်ရစ်သူမိသားစုဝင်များမှ နစ်နာကြေးအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေးအတွက် အလုပ်သမားသံအရာရှိရုံးမှ ဆောင်ရွက်ပေးခဲ့ရာ မောင်ဇော်လင်းထက်၏ မိခင်ဖြစ်သူ ဒေါ်ခင်ပြုံး အတွက် ချာချင်ဆောင်မြို့ လူမှုဖူလုံရေးရုံးမှ နစ်နာကြေးငွေ ဘတ် (၁,၀၁၇,၂၄၄.၂၂ တိတိ) အား အောက်တိုဘာ ၄ ရက်နှင့် ၁၂ ရက်တို့တွင် အသီးသီးပေးအပ်ခဲ့ရာ အဆိုပါနစ်နာကြေးငွေများကို အလုပ်သမားသံအရာရှိရုံးမှ မိခင်ဖြစ်သူ ဒေါ်ခင်ပြုံး၏ လက်ဝယ်သို့ အောက်တိုဘာ ၁၉ရက်တွင် ပေးအပ်ခဲ့ကြောင်း သံအရာရှိရုံးက သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-20_10-19-38-1024x768.jpg

ထို့အပြင် ထိုင်းနိုင်ငံ၊ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ပြုပြင်ထိန်းသိမ်းမှုများ ဆောင် ရွက်ရန် ရပ်နားထားသော Smoosh Sea C-22 ဆီတင်သင်္ဘောသည် ယခုနှစ်အစပိုင်းက အလုပ်သမား ၃၀ ဦးခန့် ဆီပိုက်လိုင်းများ ဂဟေဆော်သည့် လုပ်ငန်းများဆောင်ရွက်နေစဉ် ပိုက်လိုင်းအတွင်းရှိ ဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၇ ဦး သေဆုံးခဲ့ရာ ကျန်ရစ်သူမိသားစုများအနက် စာရွက်စာတမ်းနှင့် အချက်အလက်များပြည့်စုံသော မိသားစု ၄ စုအား စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံးမှ နစ်နာကြေးငွေများကို သြဂုတ် ၂၂ ရက်တွင် ပေးအပ်ခဲ့ကာကျန်ရှိသော မိသားစု ၃ စုအတွက် နစ်နာကြေးငွေများကိုလည်း စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံးမှ စက်တင်ဘာ ၁၃ ရက်နှင့် အောက်တိုဘာ ၁၈ ရက်တို့တွင် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *