September 20, 2024

၂၀. ၁၀. ၂၀၂၃
Written by Nay Moe

ပေါက်ခေါင်းမြို့နယ်၊ သရက်တစ်ပင်ရွာနေအမျိုးသားကို ပြည်ခရိုင် PDF က နန်းထိုက်အောင်စစ်ဆင်ရေးဆိုကာ သေနတ်ဖြင့်လေးချက် ပစ်ခတ်သ-တ်ဖြတ်လိုက်သည်ဟု Bago Region PDF က ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အရာတော်အုပ်စု၊ သရက်တစ်ပင်ကျေးရွာနေ ဦးလှဝေကို စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဟု စွပ်စွဲကာ အောက်တိုဘာ ၁၈ ရက် ည ၉ နာရီ ၂၀ ခန့်တွင် ၎င်း၏ နေအိမ်၌ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် လေးချက် ပစ်ခတ်သ-တ်ဖြတ်ရာ ဦးလှဝေမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု Bago Region PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဦးလှဝေသည် PDF များနှင့် ဆက်သွယ်သူများကို သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခိုင်းခြင်း၊ PDF များ၏ သတင်းကို ရယူပေးပို့ခြင်း၊ ပဲခူးရိုးမပေါ်ရှိ PDF များ၏ စခန်းတည်နေရာများကိုစုံစမ်းထောက်လှမ်း၍ သတင်းပေးပို့တိုင်ကြားခြင်းများကိုလုပ်ဆောင်နေ၍ သ-တ်ဖြတ်ရကြောင်း စွပ်စွဲထားသည့်အပြင် ဦးလှဝေ၏ အပေါင်းပါများလည်း ဆက်လက်ရှိနေသည်ဟု ခိုင်လုံစွာ သတင်းရရှိထားပြီး ၎င်းတို့အနေဖြင့် သတင်းပေးအဖြစ် ဆက်လက်ပြုလုပ်နေပါက ထပ်မံ၍ သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း Bago Region PDF က ခြိမ်းခြောက်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *