September 20, 2024

၂၀. ၁၀. ၂၀၂၃
Written By Thandar

Miss Grand International 2023 ကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု Miss Grand Myanmar 2023 နီနီလင်းအိမ်ကိုယ်စား မိခင်ဖြစ်သူ ဒေါ်နွေယမုံစောက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ဆည်းဆာရောင် ခြည် ပြန်လည်ထူထောင်ရေးစင်တာမှာ အလှူအတန်းပြုလုပ်ခဲ့ပါတယ်။

သူမ ကိုယ်စား မိခင်ဖြစ်သူက အောက်တိုဘာ ၁၉ ရက်က အဆိုပါနေရာမှာ လူကြီး ၁၈ ယောက်နဲ့ ကလေး ၈ ယောက်အတွက် နေ့လည်စာနဲ့ ညစာကို ကျွေးမွေးလှူဒါန်းပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-20_09-48-13-768x1024.jpg

“နီနီ အဲဒီစင်တာအတွက် အောက်ဆီဂျင်စက်သွားလှူဖို့ပြောတယ်။ ကလေးတွေအတွက် အဝတ်အထည်လေးတွေ၊ ဝေဒနာရှင်တစ်ယောက်ကလည်း အင်းစိန်ဆေးရုံမှာ တော်တော်လေး အခြေအနေ မကောင်းဖြစ်နေတယ်။လိုအပ်တဲ့ အာဟာရတွေရယ် နီနီ့အတွက်အလှူတစ်ခုပေါ့။ မေမေတို့ လုပ်ဖြစ်တာပါ”လို့ အလှမယ် နီနီလင်းအိမ် မိခင် ဒေါ်နွေယမုံစောက ပြောပါတယ်။

ဒါ့အပြင် အောက်ဆီဂျင်စက်တစ်လုံး၊ အဝတ်အထည် တချို့ကိုလည်း လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အလှမယ် နီနီလင်းအိမ်ကတော့ လက်ရှိ Country ‘s Popular of The Year Round 3 အတွက်လည်း ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-20_09-48-22-1024x1024.jpg

“ခုလိုသွားတော့ အောက်ဆီဂျင် စက်ပေါ်က သမီးလေးပုံကိုမြင်တာနဲ့ သူတို့က ဝိုင်းပြောကြတယ်။ သူ့ကိုသိတယ်။ သူ့ကိုအရမ်းအားပေးတယ်။ အရမ်းချစ်ကြတယ်ဆိုတော့ ကိုယ်လည်းအရမ်းကိုပျော်ပြီးဝမ်းသာရပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၀ ည ၆ နာရီခွဲမှာ Miss Grand International 2023 ပြိုင်ပွဲဝင် နိုင်ငံတကာအလှမယ်တွေနဲ့အတူ သူမဟာ စိတ်ဝင်စားမှုအကောင်းဆုံးဖြစ်တဲ့ National Costume ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ Miss Grand International 2023 ပြိုင်ပွဲကြီးရဲ့ Grand Final ကို အောက်တိုဘာ ၂၅ ရက်မှာမြန်မာနိုင်ငံကိုယ်စားပြုအလှမယ် နီနီလင်းအိမ်နဲ့အတူ နိုင်ငံတကာအလှမယ်တွေ အကြိတ်အနယ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *