◾ သတ်ဖြတ်ရသည့်အကြောင်းရင်းနှင့် မုဒိမ်းကျင့်ခဲ့မှု ရှိ မရှိကိုမူ AA မဖော်ပြ
၁၄.၁၀.၂၀၂၃
Written by Peya
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြ ဆရာမ အသက်ခံရသည့်အမှု၌ ကျူးလွန်သူက ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံသည့် ဗွီဒီယိုကို AA အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကျူးလွန်သူမှာ သံသယ တရားခံအဖြစ် AA ပြန်လည် ဖမ်းဆီးထားသူ မောင်မောင်အေး ဆိုသူပင်ဖြစ်ကြောင်း တွေ့ရှိရကာ မည်သည့်အတွက် သတ်ဖြတ်ရသည်ဆိုသော အကြောင်းအရင်းကိုမူ ဗွီဒီယိုတွင် ဖော်ပြထားခြင်း မရှိဘဲ ကျူးလွန်စဉ်က အခြေအနေကို ၎င်းက ပြောပြနေသည့် Video သာ ဖော်ပြထားခြင်း ဖြစ်သည်။
ထို့အတူ သတ်ဖြတ်ခံဆရာမကို တွေ့ရှိစဥ်က အဓမ္မပြုကျင့်ခံထားရသည့်အခြေအနေဟု ယူဆရမှုများတွေ့ရှိသော်လည်း ထိုအချက်ကိုလည်း ကျုးလွန်မှုရှိမရှိ အခြေအနေကို AA က ဖော်ပြခဲ့မှုမရှိချေ။
ထိုဖြစ်စဥ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ် ပေါက်တောကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အလယ်တန်းပြ ဆရာမသည် မိမိရွာမှ အနီးနားရှိ ပန်းဖော်ပြင် ကျေးရွာသို့ ကျောင်းတက်ရန် သွားရောက်စဉ် သ-တ်ဖြ-တ် သွားခြင်း ဖြစ်ကာ လက်ကိုင်ဖုန်းနှင့် ရွှေငွေတို့ကိုလည်း ယူဆောင်သွားခြင်း မရှိကြောင်း တွေ့ရသည်။
အခင်းဖြစ်ချိန်တွင် ကျူးလွန်သူ မောင်မောင်အေးသည် ဆရာမကို တွေ့သည်နှင့် အလျင်အမြန်သွားကာ ဓားနှောင့်ဖြင့် သေဆုံးသူ၏ နားထင်ကို ထုလိုက်ရာ တစ်ပတ်လည်သွားခဲ့ကြောင်း၎င်းက အခြေအနေကို ဝန်ခံ ပြောကြားသည်။
“တစ်ပတ်လည်သွားပါတယ်။ အမေရေလို့ အော်တယ်။ တစ်ပတ်လည်သွားချိန် ရင်ညွန့်ကို ခြေဖျားနဲ့ ကန်လိုက်တယ်။ ကျသွားချိန် ဓားနဲ့ လည်ကုတ်ကို ခုတ်ပါတယ်။ မှောက်နေတဲ့ အချိန် လက်ကိုဆွဲ ပြန်လှန်ပြီး ရင်ညွန့်တွေကို ထိုးပါတယ်။ မျက်နှာတွေကို ထိုးပါတယ်။ သတိမေ့သလို ဖြစ်နေချိန် သူလဲနေတဲ့ နေရာအနား လည်ပင်း လှီးပါတယ်။ သေအောင်လို့ပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် အမှုနှင့် ပတ်သက်၍ မည်သို့ ဖြစ်ရသည် ဆိုသောအကြောင်းကို ယခုထက်ပို၍ ပိုမို ပြည့်စုံစွာ ထုတ်ပြန်ပေးရန်အတွက်လည်း ရခိုင်ပြည်သူလူထုက လိုလားနေကြကြောင်း သိရသည်။