October 19, 2024

၁၆. ၁၀. ၂၀၂၃

Written by Nay Moe

PDF နှစ်ယောက်က လင်မယားနှစ်ဦးကို ပစ်သတ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုညထုတ်ပြန်သည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာ DENKO စက်သုံးဆီအရောင်းဆိုင်အနီး၌ မုံရွာ-စစ်ကိုင်း- မန္တလေးကားလမ်းအတိုင်း စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်ပြီး အမျိုးသမီးတစ်ဦးလိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား ၎င်းတို့၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF အမည်ခံအကြမ်းဖက်သမား ၂ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ကာ ၎င်းတို့စီးနင်းလာသည့်ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ PDF များက လင်မယားနှစ်ဦးကို ပစ်သတ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့သည် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာနေ ဦးခိုင်မင်းထွန်း(၃၅)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်ဝင်းမာ(၃၆)နှစ်တို့ ၂ ဦးအား ဦးခေါင်းနှင့် ရင်ဘတ်တို့၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းတို့ ၂ ဦးအားပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်အား လုယက်ယူဆောင်ခဲ့သည့် PDF များအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *