၁၉. ၁၀. ၂၀၂၃
Written by Pan Ei
ကမ္ဘာကျော် ဘီလျံနာ အီလွန်မက်စ်ဟာ ဒေသတွင်းအင်တာနက်ပလပ်ဖောင်းစည်းမျဉ်းအသစ်ကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပမှာ သူပိုင်တဲ့ လူမှုမီဒီယာပလက်ဖောင်း X (အရင် Twitter) ကို ဖယ်ရှားဖို့ စဉ်းစားနေတယ်လို့ သတင်းဝက်ဘ်ဆိုက် Insider က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
အီလွန်မက်စ်ဟာ ဒေသတွင်းမှာ X အက်ပလီကေးရှင်းရရှိနိုင်မှုကို ဖယ်ရှားဖို့ ဒါမှဟုတ် ဥရောပမှာရှိတဲ့ သုံးစွဲသူတွေကို အသုံးပြုခွင့် ပိတ်ပင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ကုမ္ပဏီနဲ့ ဆက်စပ်သူတစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။
ဥရောပသမဂ္ဂက အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ ပျံ့နှံ့မှုကို တားဆီးခြင်း၊ တချို့သော အသုံးပြုသူတွေကိုပစ်မှတ်ထားတဲ့ လုပ်ဆောင်ချက်တွေကို ပိတ်ပင်ခြင်း ဒါမှမဟုတ် ကန့်သတ်ခြင်းနဲ့ အတွင်းပိုင်း အချက်အလက်တချို့ကို စည်းကမ်းထိန်းသိမ်းရေးမှူးတွေနဲ့ ဆက်စပ်သုတေသီတွေထံ မျှဝေခြင်းစတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအက်ဥပဒေ (DSA) ကို သြဂုတ်လမှာ လက်ခံကျင့်သုံးခဲ့တာဖြစ်ပါတယ်။
ဥရောပမှာ တွစ်တာအသုံးပြုသူတွေက ၂၀၂၂ ခုနှစ် ဇူလိုင်လက ဒေတာအရ အနောက်ဥရောပမှာ ၃၀ ဒသမ ၆ သန်းရှိပြီး မြောက်ဥရောပမှာ ၂၇ ဒသမ ၂ သန်းရှိတယ်လို့ သိရပါတယ်။
Ref; Reuters