၁၉. ၁၀. ၂၀၂၃
Written by Nay Moe
တောထဲမှာ လိပ်ပြာဥရှာတဲ့ ကလေးခြောက်ယောက်မိခင် ချင်းအမျိုးသမီးတစ်ဦးဟာ မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတာကြောင့် သွေးလွန်သေဆုံးမှု အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့အစည်း(CHRO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်းလေးကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ဗျက်နှမ်ဆိုသူ အသက် ၄၆ နှစ်ခန့်အရွယ် ကလေးခြောက်ယောက်မိခင်ဟာ အဖော်လေးယောက်နဲ့အတူ တောထဲကို လိပ်ပြာဥသွားရောက်ရှာဖွေချိန် အောက်တိုဘာ ၁၈ ရက် မနက် ၉ နာရီလောက်မှာ မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိတဲ့ ဒေါ် ဗျက်နှမ်ဟာ ညာဖက်ခြေထောက်ပြတ်ထွက်သွားပြီး သွေးထွက်လွန်တာကြောင့် အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးပဋိပက္ခတွေဖြစ်ပွားပြီး နေရာအနှံ့မှာ လက်နက်ကိုင်တွေ အဖွဲ့ ၆၀၀ အထက် ပေါ်ပေါက်လာချိန်မှာ ဒီလက်နက်ကိုင်တွေဟာ ကိုယ့်ပိုင်နက်ကိုယ်ကာကွယ်ဖို့ နေရာအနှံ့မြေမြှုပ်မိုင်းတွေ ထောင်လာတာကြောင့် ပြည်သူ ရာပေါင်များစွာဟာ ဒီသုံးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့သလို အရင်တုန်းက မြေမြှုပ်မိုင်းကင်းစင်ရာ ချင်းပြည်နယ်မှာလည်း ၂၀၂၁ ခုနှစ်ကနေ ဒီနေ့အချိန်အထိ မြေမြှုပ်မိုင်းကြောင့် အနည်းဆုံး ပြည်သူ ၂၂ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိထားတယ်လို့ CHRO က ဖော်ပြထားပါတယ်။
Photo & Ref: ; CHRO