October 19, 2024

၁၈. ၁၀. ၂၀၂၃

Written by Nay Aung

မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို လေယာဉ်ဆီများ ကူညီထောက်ပံ့ပေးခြင်းမျိုးမရှိကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှားရှိ ဆိပ်ကမ်းများတွင် မြန်မာတပ်မတော်၏ လေယာဉ်များအတွက် လေယာဉ်ဆီများကူညီထောက်ပံ့ပေးနိုင်ရန် သို့လှောင်ထားမှုများရှိနေကြောင်းဆိုသည့်အချက်ကို မလေးရှားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော Wong Chen (PH-Subang) က မေးမြန်းခြင်းကို တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလိုကီက နိုင်ငံအတွင်းရှိ ဆိပ်ကမ်းများကို မြန်မာနိုင်ငံအတွက် လေယာဉ်ဆီများတင်ပို့ပေးရန် သိုလှောင်ထားခြင်းမျိုး မရှိကြောင်း၊ ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးလေယာဉ်များအတွက် အသုံးပြုရန်အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောသည်။

မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးက “မလေးရှားဆိပ်ကမ်းတွေကို မြန်မာတပ်ရဲ့လေယာဉ်များအတွက် လေယာဉ်ဆီများသိုလှောင်ပေးဖို့ အသုံးပြုနေတာတွေက မမှန်ကန်ဘူး။ မှောင်ခိုအန္တရာယ်က ကာကွယ်ဖို့ ဆိပ်ကမ်းများ ဘေးကင်းစေဖို့အတွက် အမျိုးမျိုးသော ကြိုးပမ်းမှုများ ပြုလုပ်ထားတယ်”ဟု ပြောသည်။

မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးက ဖက်ဒရယ်ဆိပ်ကမ်းများကို မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ စည်းကမ်းများအတိုင်း လုပ်ဆောင်နေ ကြောင်း ပြောသည်။ ဆိပ်ကမ်းအာဏာပိုင်များသည် ဝန်ကြီးဌာနမှချမှတ်ထားသော စည်းကမ်းများအတိုင်း ကြီးကြပ်နေကြောင်း၊ ဆိပ်ကမ်းများကိုကြီးကြပ်ရန်အတွက် ဆိပ်ကမ်းစီမံခန့်ခွဲရေးအရာရှိများလည်း ခန့်အပ်ထားကြောင်း မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလိုကီကပြောသည်။ နိုင်ငံတကာလူအခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့ရောင်းချခြင်းများမလုပ်ဆောင်ရန် တောင်းဆိုမှုများလည်းရှိနေချိန်တွင် မလေးရှားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမလေးရှားအစိုးရကို မေးမြန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *