October 19, 2024

၁၈. ၁၀. ၂၀၂၃

Written by Nyein Kyaw

ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များအနေဖြင့် အမှန်တကယ်လိုအပ်မည့် ငွေကြေးပမာဏကိုသာ တွက်ချက်တောင်းခံရန်နှင့် သတ်မှတ်ကာလအတွင်း အောင်မြင်အောင် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်( ၈/၂၀၂၃)တွင် ပြောကြားခဲ့သည်။

နှစ်စဉ်ဘတ်ဂျက်ငွေများကို ချထားပေးရာတွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ ဝန်ကြီးချုပ်များအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ်အကျိုးဖြစ်ထွန်းစေနိုင်မည့် လုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာ ဖြစ်စေရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားကဏ္ဍများစွာတွင် သုံးစွဲရမည့် ငွေကြေးပမာဏ များစွာရှိနေသည်ဖြစ်သည့်အတွက် စနစ်တကျ တွက်ချက်တောင်းခံစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘတ်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ် ကျပ် ၃၃,၁၇၅ ဒသမ ၀၅၃ ဘီလျံအထိရှိပြီး ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၂၅,၃၆၄ ဒသမ ၃၆၄ ဘီလျံသာရှိသဖြင့် ပြည်ထောင်စု ၏စုစုပေါင်းလိုငွေ ကျပ် ၇,၈၁၀ ဒသမ ၆၈၉ ဘီလျံအထိရှိနေကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်များတွင် ဖော်ပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *