October 19, 2024

၁၈. ၁၀. ၂၀၂၃

Written by Ye Kyaw

မြန်မာအမျိုးသားလေကြောင်း (MNA)၏ ရန်ကုန် – ဂါယာ – ရန်ကုန် စင်းလုံးငှားလေယာဉ် ခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက် (ယနေ့)တွင် ပြန်လည်စတင်ပြေးဆွဲခဲ့ကြောင်း ပြန်ကြား‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် မြန်မာ နိုင်ငံစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးသည် ၁၅၉ ဦး ပါဝင်သော Boeing 737-800 NG လေယာဉ်၊ ခရီးစဉ်အမှတ် UB – 7001 နှင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် အိန္ဒိယနိုင်ငံ ဂါယာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို ဆိုက်ရောက်ခဲ့သည်။

ရန်ကုန် – ဂါယာ – ရန်ကုန် ခရီးစဉ်အား လာမည့်ပွင့်လင်းရာသီတစ်လျှောက် ပျံသန်းပြေးဆွဲ ပေးသွားမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် ဝယ်ယူရန်အတွက် တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sole Charterer Interconnection Travels သို ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် အပြန်အလှန်ပေးထားသည့် ယခုနှစ် ခရီးသွားရာသီတွင် နှစ်နိုင်ငံခရီးသွားများ ပိုမိုဝင်ရောက်နိုင်သည့်အပြင် လက်ရှိတွင် ပြည်တွင်းခရီးသွားများအနေဖြင့် ပြည်ပခရီးစဉ်အဖြစ် ဗုဒ္ဓဂါယာခရီးစဉ်ကို အများဆုံးလည်ပတ်လျက်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *