October 19, 2024

၁၉. ၁၀. ၂၀၂၃

Written by Nay Moe

သပိတ်ကျင်းမြို့နယ်တွင် ကုန်စုံတင် ၂၂ ဘီးယာဥ်တစ်စီး မိုင်းနင်းမိရာမှ ယာဥ်ထိခိုက်ပျက်စီးသည့်အပြင် ယာဥ်နောက်လိုက်ပါ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။`

ထိုဖြစ်စဥ်မှာ အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီခွဲတွင်မန္တလေးမှ မြစ်ကြီးနားသို့ မန္တလေးမြို့နေ ဦးနောင်နောင် (၄၃)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် မတ္တရာမြို့နယ်၊ တံငါကျေးရွာနေ ကိုထက်ဝေအောင်(၂၀)နှစ် လိုက်ပါလာသော ကုန်စုံများတင်ဆောင်လာသည့် ၂၂ ဘီးယာဉ် မောင်းနှင်လာစဉ် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာနှင့် ရွှေကျွန်းပင်ကျေးရွာအကြား မန္တလေး-ဗန်းမော်ကားလမ်း မိုင်တိုင်အမှတ် ၂၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြား အရောက် လမ်း၏အရှေ့ဘက်တွင် PDF များထောင်ထားသည့် မိုင်း ၂ လုံး(စိစစ်ဆဲ) ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ထိုပေါက်ကွဲမှုကြောင့် ၂၂ ဘီး မော်တော်ယာဉ်၏ ရှေ့ဘီးတစ်လုံးနှင့် ဆီတိုင်ကီတို့ မိုင်းစထိမှန် ပျက်စီးခဲ့ပြီး ယာဉ်နောက်လိုက် ကိုထက်ဝေအောင်တွင် ဦးခေါင်း၊ နားနှင့် ကျောတို့၌ မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်ကို တာဝန်ရှိသူများက စိစစ်နေပြီး မိုင်းထောင်သည့် PDF အဖွဲ့များကို ဖော်ထုတ်အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်ထား​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *