October 19, 2024

၁၉. ၁၀. ၂၀၂၃
Written By Thandar

စာချွန်တော် ၊ အပြည်ပြည်ဆိုင်ရာ အသည်းကွဲနေ့ တေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိလာတဲ့ အဆိုတော် ဇွဲပြည့်ကတော့ အချစ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်က လွတ်လပ်တယ် အေးချမ်းတယ်လို့ သတ်မှတ်ပြီး အချစ်သစ်တော့ရှာရဦးမှာပါလို့ ဖွင့်ဟလာပါတယ်။

“ကျွန်တော့်ရဲ့ အချစ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်က လွတ်လပ်တယ် အေးချမ်းတယ်လို့ ထင်ပါတယ်။ နေ့ရက်တိုင်းမှာ အတွေ့အကြုံတွေကို အသုံးချပြီး နောက်ထပ် အမှားမျိုး ထပ်မမှားအောင် ကိုယ့်ကိုယ်ကိုယ် ကြိုတင်ပြင်ဆင်နေပါတယ်။ အချစ်သစ်တော့ ရှာရဦးမှာပေါ့။ ခုတော့မဟုတ်သေးပါဘူး။ ဒါပေမယ့် ကံတရားက ပြောလို့မရပါဘူး။ လက်ရှိအချိန်မှာ ကိုယ်တိုင်က တည်ငြိမ်ပြီလို့ပဲထင်ပါတယ်”လို့ ဇွဲပြည့်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-19_09-40-49-768x1024.jpg

သူဟာ ၂၀၂၀ ပြည့်နှစ်က မင်္ဂလာပွဲ ကျင်းပခဲ့ပေမဲ့ ကွာရှင်းပြီးနောက် လက်ရှိမှာ Single ဘဝနဲ့ ဖြတ်သန်းနေသလို US ကပြန်လာအပြီးမှာ ကိုဗစ်နဲ့ တခြားအရာတွေကြောင့် အနုပညာဂီတပိုင်းနဲ့ အလှမ်းဝေးသလိုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဇွဲပြည့်က လက်ရှိ ဟာသ Vlog လေးတွေ ရိုက်ကူးနေပြီး အပျော်ရသ၊ အချစ်ရသ ပုံစံ သီချင်းသစ် ၃ ပုဒ် မကြာခင်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

“လက်ရှိအချိန်မှာ အလုပ်အပေါ်မှာ အာရုံစိုက်ဖြစ်နေပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိအချိန်မှာ စိတ်သွားတိုင်း ကိုယ်ပါလာတယ်လို့ ပြောလို့ရတယ်။ ခုရက်ပိုင်းမှာ ကျွန်တော့်ရဲ့ ထွက်ထားပြီးသား အခွေ ၃ ခွေထဲက သီချင်းသစ် ၁၀ ပုဒ်လောက် ကိုယ့်သီချင်းကို ပြန်ပြီး Cover Song ပြန်ဆိုဖို့လုပ်နေပါတယ်။ သီချင်းသစ်လည်း ထုတ်ဖို့ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *