October 19, 2024

၁၈.၁၀.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏ အိမ်တစ်အိမ်၏ခေါင်မိုးပေါ်တွင် အောက်တိုဘာ ၁၇ ရက်က မိမိ၏လည်ချောင်းကိုလှီးဖြတ်၍ မိမိကိုယ်မိမိသေကြောင်းကြံရန်ကြိုးစားခဲ့သော ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့က အင်အားအသုံးပြုတားဆီးခဲ့ရကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဘန်ကောက်မြို့ဆင်ခြေဖုံးရှိ ဘန်ဘူသုန် ရဲစခန်းသို့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးက ၎င်းဌားရမ်းနေထိုင်သော နွန်တပ်ဘူရီမြို့၊ ဘန်ဘူသုန်ရပ်ကွက်ရှိ အိမ်အမိုးပေါ်သို့တွယ်တက်နေကြောင်း အကြောင်းကြားချက် ရောက်ရှိလာအပြီးတွင် ရဲတပ်ဖွဲ့က အဆိုပါနေရာသို့ ရောက်ရှိလာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသားမှာ အသက် ၄၃ နှစ်ရှိ အင်္ဂလိပ်ဘာသာဆရာတစ်ဦးဖြစ်ကာ ဘန်ကောက်မြို့ Ramkhamhaeng ရပ်ကွက်ရှိ အချိန်ပိုသင်တန်းတစ်ခုတွင် သင်ကြားနေသူဟုသိရသည်။

ဒေသခံများက အဆိုပါဖိလစ်ပိုင်နိုင်ငံသားသည် ခေါင်မိုးပေါ်တွင် ကျိုးပဲ့နေသော အမိုးပြားတစ်ခုဖြင့် ၎င်း၏လည်ပင်းကိုလှီးဖြတ်မည်ဟုခြိမ်းခြောက်ကာ အမိုးပြားများကိုလည်း အဆက်မပြတ်မြေပေါ်သို့ပစ်ချနေသည်ဟု ရဲတပ်ဖွဲ့အားပြောခဲ့သည်။

အချင်းဖြစ်ပွားရာ နှစ်ထပ်အိမ်တစ်လုံးသို့ ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးသမားများနှင့် အရေးပေါ်ရောက်ရှိလာအပြီးတွင် ကယ် ဆယ်ရေးသမားများက အမိုးပေါ်သို့တွယ်တက်ကာ ထိုလူအား ပြန်၍ဆင်းရန် သုံးနာရီကြာနှစ်သိမ့်ဖျောင်းဖျခဲ့ကြသည်။ ထို့နောက်တွင် ကယ်ဆယ်ရေးသမားများက ထိုလူအား ဝင်ရောက်ထိန်းချုပ်နိုင်ရန်ကြိုးစားခဲ့ကြပြီး ကယ်ဆယ်ရေး ဘုတ်ပြားတစ်ခုတွင် ၎င်းအားချည်နှောင်ကာ မြေပေါ်သို့ ပြန်ချခဲ့ကြခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသားအား ထိန်းချုပ်နိုင်ရေးဝင်ရောက်ဖက်တွယ်မှုပြုကြရာတွင် ကယ်ဆယ်ရေးသမားတစ်ဦးမှာ မြေပေါ်ပြုတ်ကျ၍ ဘယ်ဘက်ခြေထောက်ဒဏ်ရာရကာ ဘန်ဘူသုန် ဆေးရုံသို့ပို့ခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံသားကိုလည်း ပွန်းပဲ့ဒဏ်ရာများအတွက် ဆေးရုံသို့ပို့ခဲ့ပြီး ၎င်း၏ ဆွေမျိုးများနှင့် အဆက်အသွယ်ရ၍ အိမ်သို့ပြန်နိုင်ရန် ရဲစခန်းတွင်စောင့်ဆိုင်းနေစေမည်ဟုဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသား၏ မိမိကိုယ်မိမိသတ်သေရန်ကြိုးစားရခြင်းအကြောင်းရင်းကို လောလောဆယ် မသိရသေးပေ။

Ref—–Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *