October 19, 2024

၁၈.၁၀.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပနေသော ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံချက်(BRI) ညီလာခံသို့တက်ရောက်နေစဉ် ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံရာ၌ ပူတင်အား ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ တရားဝင်အလည်ခရီးလာရောက်ပါရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာနှင့် ရုရှားသမ္မတ ပူတင်တို့က ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံချက် ညီလာခံသို့ တက်ရောက်နေကြစဉ် ညီလာခံပြင်ပ၌ အောက်တိုဘာ ၁၇ ရက်ညတွင် တွေ့ဆုံခဲ့ကြကာ နှစ်နိုင်ငံအကြား ကုန် သွယ်ရေးနှင့် ယဉ်ကျေးမှုဆက်ဆံရေးများ တိုးမြှင့်နိုင်ရန်ဆွေးနွေးခဲ့ကြသည်။ အောက်တိုဘာ ၁၈ ရက်နံနက်တွင်မူ ဆရက်သာ က “ကျွန်တော် သူ့ကို ထိုင်းနိုင်ငံကို တရားဝင်အလည်လာဖို့ ဖိတ်ခဲ့ပါတယ်” ဟုထုတ်ဖော်ပြောကြားခဲ့သည်။

ဆရက်သာနှင့်ဆွေးနွေးပွဲတွင် သမ္မတပူတင်က ရှုတ်ထွေးနေသော လက်ရှိအပြည်ပြည်ဆိုင်ရာအခြေအနေများကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးကျဆင်းခဲ့ရမှုကို နှမြောတသနေကြောင်း ပြောခဲ့သည်ဟု Tass သတင်းဌာနကဖော်ပြခဲ့သည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ကြေညာချက်တစ်ရပ်၌လည်း သမ္မတပူတင်က ဖိတ်ကြားမှုကို တရားဝင်လက်ခံခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့သော် မည်သည့်ရက်ဆိုသည်ကိုမူ ပြောကြားခြင်းမရှိပေ။

၂၀၂၃ ခုနှစ်တွင်ဆိုလျှင် ထိုင်းနိုင်ငံသို့ ရုရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား တစ်သန်းကျော်လာရောက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ ထို့ကြောင့်လည်း ထိုင်းအစိုးရက ရုရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ကို ရက် ၃၀ မှ သုံးလအထိ တိုးမြှင့်ပေးခဲ့သည်။

Ref—– Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *