October 19, 2024

၁၈.၁၀.၂၀၂၃
Written by Peya

ထိုင်းနိုင်ငံတွင် ခြေဦးတည့်ရာသွားကာ တောင်းရမ်းစားသောက်နေရသူ မြန်မာနိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီးနောက် ခြေ ထောက် ပြင်းထန်ဒဏ်ရာရပြီး ဆေးကုသပေးထားကာ လက်ရှိတွင် ထိုင်းလဝက အချုပ်ခန်းရောက်နေကြောင်း ဖြစ်စဉ်ကို သိရှိသူ ဆရာတော်တစ်ပါးက MT News သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့ကြားက Kamphaeng Phat မြို့တွင် ယမန်နေ့ အောက်တိုဘာ ၁၇ ရက် ညက အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရခိုင်တိုင်းရင်းသားဟု ထင်သဖြင့် Kamphaeng Phat လဝကရုံးမှ တာဝန်ရှိသူများက အထက်ပါ ဆရာတော်ထံ ဖုန်းဖြင့်ဆက်သွယ်ကာ ဘာသာပြန် အကူအညီတောင်းခံလာသဖြင့် ကူညီပေးချက်အရ ရှမ်း ပြည်နယ်၊ တန့်ယန်းမြို့နယ်ဘက်ကဟု သိရပြီး အသက် ၅၀ အရွယ် ဦးလောင်ချီဆိုသူ အမျိုးသားဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

“ကားတိုက်ထားတာ။ အဲ့ဒီမြို့ လဝကက သွားကြည့်ပြီး ဆေးရုံပို့လိုက်တယ်။ ဆေးရုံမှာလည်း ဆရာဝန်က မဆင်းခိုင်းသေးပေမယ့် ပိုက်ဆံအကုန်ကျခံပေးမယ့်သူမရှိလို့ လဝက ရဲတွေက သူတို့စခန်းကိုခေါ်သွားတာ” ဟု ဆရာတော်က မိန့်ကြား သည်။

ဦးလာင်ချီသည် ချင်းမိုင်မြို့ကတစ်ဆင့် ထိုင်းနိုင်ငံအတွင်း ဝင်လာသူဖြစ်ပြီး ဆွေမျိုးမရှိ၍ ခြေဦးတည့်ရာသွားလာကာ တောင်းရမ်းစားသောက်နေရသူဖြစ်ကာ လက်ရှိအချိန်တွင် ခြေထောက် ပြင်းထန်ဒဏ်ရာဖြင့် ထိုင်းနိုင်ငံ Kamphaeng Phat လဝက အချုပ်ခန်းတွင် ရှိကြောင်းလည်း ဆရာတော်က မိန့်သည်။

Leave a Reply

Your email address will not be published. Required fields are marked *