October 19, 2024

၁၈. ၁၀. ၂၀၂၃
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ဆရာစံလမ်းပေါ်မှ ရန်ကင်းစင်တာ ၃ လွှာရှိ တိုက်ခန်းတစ်ခုတွင် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ ဆေးသုတ်သမားထားခဲ့သော ဆေးလိပ်တိုမီးမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သော တိုက်ခန်းမှာ ပြင်ဆင်နေဆဲအခန်းဖြစ်ပြီး ဆေးသုတ်သမားက အခန်းတွင်းအုတ်ဘောင်ပေါ်တွင် ဆေးလိပ်တိုမီးထားခဲ့ရာမှ အခန်းတွင်းရှိ လွှစာမှုန့်များပေါ်သို့ ဆေးလိပ်တိုကျကာ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင်မှုမှာ ၉ မိနစ်ခန့်ကြာ လောင်ကျွမ်းခဲ့ပြီး ဘထ္ထရီအိုးနှင့် ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့​ကြောင်း သိရသည်။

“စစလောင်ခြင်းတော့ မီးတောက်က အရမ်းကြီးတယ်။ ခဏလေးပဲ မီးလောင်တာက မကြာလိုက်ဘူး “ဟု ရန်ကင်းစင်တာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍ အသက် ၃၅ နှစ်အရွယ်ရှိ ဆေးသုတ်သမား အမျိုးသားကို ရန်ကင်း​​မြို့မရဲစခန်းက ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားသည်။

အလားတူ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်၁၈/Aရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ၂ ထပ်တိုက်အပေါ်ထပ်တွင် အားသွင်းပန်ကာ အားသွင်းထားရာမှ Loose ဖြစ်ပြီး မီးပွားထွက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အပေါ်ထပ်ရှိ မျက်နှာကျက်နှင့် အတွင်းပစ္စည်းများ ဆုံးရှုံးခဲ့သည်။

ပုံစာ။ ရန်ကင်းစင်တာ မီးလောင်မှုနှင့် တောင်ဒဂုံမီးလောင်မှုမြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *