၁၈. ၁၀. ၂၀၂၃
Writing By Treasure
ဒီနေ့ အောက်တိုဘာ ၁၈ ရက် မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၄ ယူရိုခြေစစ်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်္ဂလန်အသင်းက ဟယ်ရီကိန်း၊ ရက်ရှ်ဖို့စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၄ ယူရိုခြေစစ်ပွဲကို အောင်မြင်ထားပြီးပြီဖြစ်ပေမယ့် ဂုဏ်သိက္ခာအပိုင်းမှာ အီတလီအသင်းကို အနိုင်ရရှိဖို့လိုအပ်တာကြောင့် ဟယ်ရီကိန်း၊ ရက်ရှ်ဖို့စ်၊ ဖိုဒန်၊ ဖီးလစ်၊ ဝေါ်လ်ကာ၊ မက်ကွိုင်းယား၊ စတုန်းတို့ အသုံးပြုခဲ့သလို အီတလီအသင်းကလည်း ဒီပွဲစဉ်မှာ နိုင်ပွဲရရှိမှာ ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်တာကြောင့် နိုင်ပွဲရရှိဖို့အတွက် သူတို့ရဲ့အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ပွဲအစတည်းက အင်္ဂလန်အသင်းဟာ အိမ်ကွင်းမှာ နိုင်ပွဲရရှိဖို့အတွက် အီတလီအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့သလို ဟယ်ရီကိန်း၊ ရက်ရှ်ဖို့စ်တို့ရဲ့ တိုက်စစ်ဆင်မှုတွေကတစ်ဆင့် ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အီတလီအသင်းကတော့ ခံစစ်အနေထားကနေ တန်ပြန်ထိုးဖောက်တိုက်စစ်ဆင်မှုပြုလုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် ၁၅ မိနစ်မှာ အင်္ဂလန်အသင်း နောက်ခံလူတွေ အမှားကနေတစ်ဆင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ အင်္ဂလန်အသင်းက ဦးဆောင်ဂိုးခွင့်ပြုပေးပြီးနောက် ပိုင်းမှာ ချေပဂိုးပြန်လည်ရရှိဖို့အတွက် ပိုမိုတိုက်စစ်မြှင့်ကစားလာခဲ့ပြီး ပွဲကစားချိန် ၃ဝ မှာ ရက်ရှ်ဖိုစ့်ကို အီတလီကစား သမားက ပင်နယ်တီဧရိယာအတွင်းမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီရရှိခဲ့သလို ဟယ်ရီကိန်းက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးချိန်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အီတလီအသင်းက ဦးဆောင်ဂိုးရရှိဖို့အတွက် လူစားပြောင်းလဲမှုတွေပြုလုပ်ပြီး တိုက်စစ်မြှင့်ဖို့ကြိုးစားခဲ့ပေမယ့် အင်္ဂလန်အသင်းရဲ့ ကစားကွက်ကိုမကျော်ဖြတ်နိုင်ခဲ့တာကြောင့် နောက်ပိုင်းအမှားများလာခဲ့ပါတယ်။ အင်္ဂလန်အသင်းက အီတလီအသင်းရဲ့ အမှားတွေကို အခွင့်ကောင်းယူပြီး ပွဲကစားချိန် ၅၇ မိနစ်မှာ ရက်ရှ်ဖို့စ်၊ ၇၇ မိနစ်မှာ ဟယ်ရီကိန်းတို့က အနိုင်ဂိုးတွေထပ်မံသွင်းယူခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ အင်္ဂလန်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အီတလီအသင်းဟာ အဝေးကွင်းမှာ အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ယူရိုခြေစစ်ပွဲအောင်မြင်ဖို့ ခက်ခဲသွားပြီဖြစ်သလို လက်ကျန်ပွဲ ၂ ပွဲ အနိုင်ရရှိဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။
၂၀၂၄ ယူရိုခြေစစ်ပွဲရလဒ်များ
အင်္ဂလန် ၃-၁ အီတလီ
ဆန်မာရီနို ၁-၂ ဒိန်းမတ်
လစ်သူရေးနီးယား ၂-၂ ဟန်ဂေရီ
မတ်လတာ ၁-၃ ယူကရိန်း
မြောက်အိုင်ယာလန် ၀-၁ စလိုဗေးနီးယား
ဆားဘီးယား ၃-၁ မွန်တီနီရိုး