October 19, 2024

MT News

Written by Min Mahar

လယ်ကွင်းသို့ ဆေးဖြန်းရန်အတွက်သွားသည့် အမျိုးသားတစ်ဦး PDF များထောင်ထားသော လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာများရရှိမှု ရွှေဘိုမြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၁၇ ရက်)မနက် ၆ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပန်းရံကျေးရွာ၏မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ လယ်ကွင်းသို့ ဆေးဖြန်းရန်အတွက် Dayang 125 ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်လာစဉ် ပန်းရံကျေးရွာနှင့် ညောင်ကန်ကျေးရွာကြား နံပါတ် ၅ မူးဘောင်အနီးသို့အရောက်တွင် လမ်း၏ဝဲဘက်ခြမ်းမှ PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပြီး မိုင်းစများထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားတွင် ဝဲဘက်ခြေမျက်စိ မိုင်းစထိမှန်သွားသည့်ဒဏ်ရာ၊ ဝဲဘက်ပေါင်ကို မိုင်းစထိမှန်သွားသောဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မနက် ၈ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်၊ မင်းရပ်ရှိ ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *