October 19, 2024

MT News

Written by KL

ရန်ကင်းမြို့နယ် အမှတ်(၂)ရပ်ကွက်၊ ဆရာစံလမ်းရှိ ရန်ကင်းစင်တာ အပေါ်ထပ် ၃ လွှာတွင် ယနေ့ ​ အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီ ၅၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုကို Level 1အဆင့်သတ်မှတ်ငြှိမ်းသတ်ခဲ့ပြီး ရန်ကင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သဃ်န်းကျွန်းမြို့နယ်များအပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ် ၁၀ စီးခန့်ဖြင့် ကနဦး ငြှိမ်းသတ်ခဲ့သည်။ အဆိုပါ မီးလောင်မှုမှာ ၉ မိနစ်ခန့်ကြာ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှူနှင့် ပတ်သက်၍ လတ်တလောတွင် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *