October 19, 2024

MT News

Photo Tha Doe

မိုးကာလမှာ ခေတ္တရပ်နားခဲ့တဲ့ မြို့ပြပြည်သူတွေ အပန်းပြေ ကျင်းပတတ်တဲ့ ဘုရားပွဲတွေ၊ သီတင်းကျွတ်မီးထွန်းပွဲမတိုင်ခင် ကျင်းပတတ်တဲ့ ပျော်ပွဲရွှင်ပွဲတွေဟာ ရန်ကုန်မြို့ပြမှာ ပြန်လည်စတင်နေဖြစ်ပြီး လက်ရှိမြင်ကွင်းဟာ ရန်ကုန်တိုင်းတာမွေမြို့နယ် ကျောက်မြောင်းထဲက သီတင်းကျွတ်အကြို ပျော်ပွဲရွှင်ပွဲပါ။

သီတင်းကျွတ်နဲ့အတူ ပြန်လည်စတင်လာတဲ့ မြို့ပြပျော်ပွဲရွှင်ပွဲတွေမှာလည်း အေးချမ်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာဝင်ပြည်သူတွေ ပျော်ရွှင်စွာနေထိုင်လိုသူတွေ ပါဝင်ဆင်နွှဲနေတာ တွေ့ရသလို တချို့ကလည်း သားသမီးမြေးမြစ်ပျော်ဖို့ ပျော့ပျော့အိအိကစားကွင်းမှာ၊ တချို့ကလည်း ဘုရားပွဲတိုင်းတွေ့ရလေ့ရှိတဲ့ အပျော်လောင်းကစားဝိုင်းမှာ၊ တချို့ကလည်း ရဟတ်မှာ ချစ်ရသူနဲ့၊ တချို့ကျတော့လည်း ဘုရားပွဲလျှောက်ရင်းမုန့်စားကြတဲ့ပုံရိပ်တချို့ကို ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *