October 19, 2024

MT News

Written by Nay Aung

စင်ကာပူအခြေစိုက် Keppel ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်ကို စင်ကာပူဒေါ်လာ ၇၅ ဒသမ ၆ သန်းဖြင့် အပြီးသတ်ရောင်းချလိုက်ကြောင်း စင်ကာပူအခြေစိုက်သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်ကို တည်ဆောက်၊ စီမံခန့်ခွဲခွင့်ကို ရရှိထားသော Straits Greenfield Limited (SGL)ကုမ္မဏီ၏ ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို Greenfield Development ကုမ္မဏီက ပိုင်ဆိုင်ထာပြီး Greenfield Development ကုမ္မဏီ၏ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို Keppel Corporation က ပိုင်ဆိုင်ထားကြောင်း သိရသည်။

Keppel ကော်ပိုရေးရှင်းသည် Greenfield Development ကုမ္မဏီ၏ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို Spring Blossom Ventures ကုမ္မဏီထံ အပြီးသတ်လွှဲပြောင်းရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Keppel Corporation သည် ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဆီဒိုးနားဟိုတယ်ကို စင်ကာပူတွင်မှတ်ပုံတင်ထားပြီး ဟိုတယ်လုပ်ငန်းနယ်ပယ်တွင် ရင်းနှီး မြှုပ်နှံမှု ဦးပိုင်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို လုပ်ကိုင်နေသော Spring Blossom Ventures ကုမ္မဏီထံ ရောင်းချခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပြင် အာဏာအငြင်းပွားမှုများကြောင့် Keppel ကော်ပိုရေးရှင်းသည် ဆီဒိုးနားဟိုတယ်ကို ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆီဒိုးနားဟိုတယ်ကို ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံတွင် ဖွင့်လှစ်သည် ပထမဆုံးနိုင်ငံတကာဟိုတယ်များထဲတွင် ပါဝင်သော ဟိုတယ်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆီဒိုးနားဟိုတယ်ကို၂၀၁၅ ခုနှစ်တွင် အဆောက်အအုံသစ်တစ်ခုကို ဖြည့်စွက်ဆောက်လုပ်ခဲ့ရာ အခန်းအရေ အတွက် ၈၀၀ နီးပါးအထိ ရှိလာခဲ့ကြောင်း သိရသည်။

Ref; theedgesingapore

Leave a Reply

Your email address will not be published. Required fields are marked *