October 19, 2024

၁၇. ၁၀. ၂၀၂၃
Written By Thandar

Victoria Film Production က ဒရာမာဇာတ်လမ်းပုံစံ “နင့်” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ Storyboard Studio မှာ ကျင်းပခဲ့ပါတယ်။

“ အွန်လိုင်းပေါ်က တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးဘဲ ချစ်ကြတယ်။ ဒီ‌အပေါ်မှာ နှစ်ယောက်သားက ချစ်နေကြတယ်လို့ပဲ ထင်ပြီးလိမ်ကြတယ်။ ခုခေတ်က အွန်လိုင်းပေါ်ကတွေ့ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကမကောင်းဘူး။ တကယ်တမ်း အချစ်စစ်နဲ့တွေ့သွားတဲ့အချိန်မှာ ကိုယ့်အိမ်ထောင်ရေးမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကြုံတာတွေ ပုံဖော်ထားတာပါ။ ဒီကားစရိုက်ထဲက အမအတွက် ကိုရီးယားကားထက် ရှုပ်ထွေးတဲ့ ဒရာမာလမ်းလေးပါ” လို့ ဒါရိုက်တာ ကျော်နှင်းဆီက MTNews Entertainment ကို ပြောပါတယ်။

ဒါရိုက်တာ ကျော်နှင်းဆီက အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ ရသမျိုးစုံ ပါဝင်တဲ့ဇာတ်လမ်းကို အခုနှစ် နှစ်စပိုင်းက ရန်ကုန်မြို့မှာ အကောင်းဆုံး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-17_15-25-24-2-1024x682.jpg

ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရေချမ်း၊ အကယ်ဒမီခင်ဝင့်ဝါ၊ အကယ်ဒမီမင်းဦး၊ လင်းဇာနည်ဇော်၊ တေဇလင်းရောင်၊ ရာဟု၊ အေဏီဇော်၊ ချမ်းမေမြတ်နိုး၊ သွန်းသက်ထူးစံ၊ ရဲမွန်၊ မင်းရဲစည်သူ၊ အေးသီတာ စတဲ့ အနုပညာရှင်တွေပါဝင်ထားကြပါတယ် ။

“ဒီကာရိုက်တာကတော့ ကျွန်တော် မရိုက်ဖူးတဲ့ ပုံစံမျိုးပါ။ အရှေ့နဲ့ မတူတဲ့ ကာရိုက်တာပုံစံမျိုးပါ။ ဒီထဲမှာ ကျွန်တော်က ပိုက်ဆံရှိတဲ့ သူဌေးသားတစ်ယောက်ဆိုပေမယ့် အချစ်ကို တန်ဖိုးထားတဲ့ ကာရိုက်တာမျိုးပါ။ နင့် ဆိုတဲ့အတိုင်း အချစ်နဲ့ ပတ်သက်ပြီး နင့်နေအောင် ခံစားရတာ ရှိသလို မိသားစုနဲ့ ပတ်သက်ပြီး နင့်နေအောင် ခံစားရတာလည်း ရှိပါတယ်။ ခင်ဝင့်ဝါနဲ့ ကျွန်တော်က ဒီကားထဲမှာ ပထမဆုံး ဇာတ်လမ်းတွဲလေးပါ။ ညီမလေးနဲ့ကလည်း အလုပ်လုပ်ရတာလည်း အရမ်း အဆင်ပြေပါတယ် ” လို့ သရုပ်ဆောင် အောင်ရေချမ်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-17_15-25-19-682x1024.jpg

CANAL+ Zat Lenn ရဲ့ ပထမဆုံးဇာတ်လမ်းတွဲ “နင့်” ကို နိုဝင်ဘာ ၆ ရက်ကစပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီမှာ ပြသသွားမှာဖြစ်လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *