October 19, 2024

၁၇. ၁၀. ၂၀၂၃
Written by Nay Aung

အွန်လိုင်းနှင့်ဆက်သွယ်ရေးလုပ်ငန်းအသုံးပြုကာ လိမ်လည်မှုများ၊ ရာဇဝတ်မှုများကျူးလွန်နေသည့် တရုတ်နိုင်ငံသား အနည်းဆုံး ၄၆၆၆ ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ မြန်မာနိုင်ငံက သြဂုတ်လမှစတင်ပြီး လက်ရှိအချိန်အထိ ပြန်လည်လွှဲပြောင်းပေးထားကြောင်း တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်အစိုးရသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေ စိုက်လှုပ်ရှားနေသော အွန်လိုင်းအသုံးပြုကာ ရာဇဝတ်မှုကျူးလွန်နေသည့် ဂိုဏ်းများကို ဖြိုခွင်းရန် ကြိုးပမ်းလျက်ရှိနေရာ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သော အွန်လိုင်းအသုံးပြုကာလိမ်လည်မှုကျူးလွန်နေသူအဖြစ် သံသယရှိခံရသူ ၄၆၆၆ ဦးထဲတွင် တရားခံပြေး ၂၀၅ ဦးပါဝင်ခဲ့ကြောင်း တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is photo_2023-10-17_14-46-00-2-1024x572.jpg

မြန်မာနိုင်ငံသည် ပြီးခဲ့သော အောက်တိုဘာ ၁၄ ရက်နေ့ကလည်း မြန်မာနိုင်ငံမြောက်ပိုင်းတွင်အခြေစိုက်ပြီး အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူအဖြစ် သံသယရှိခံရသူ၂၃၄၉ ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါလွှဲပြောင်းပေးသောအရေအတွက်သည် မြန်မာနိုင်ငံမှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးမှုများထဲတွင် အများဆုံးအရေအတွက် ဖြစ်ခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးခဲ့သူ ၂၃၄၉ဦးထဲတွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရန်အလိုရှိနေသော တရားခံပြေး ၁၁၁ ဦးပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနှင့်တရုတ်နယ်စပ်တွင် မြန်မာနိုင်ငံမှလွှဲပြောင်းပေးခဲ့သော အွန်လိုင်းအသုံးပြုကာ ရာဇဝတ်မှုကျူးလွန်သူ ၂၃၄၉ ဦးကို ယူနန်ပြည်နယ်အပြင် ကူမင်း၊ ဟီနန်၊ ဟူနန်၊ ရှန်ဒေါင်း၊ Chongqing ဒေသနှင့် Jiangsu ဒေသတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးအစောင့်အကြပ်များဖြင့် ပြန်လည်ခေါ်ယူသွားခဲ့ကြောင်း တရုတ်သတင်းတွင် ဖော်ပြထားသည်။

Ref; chinanews

Leave a Reply

Your email address will not be published. Required fields are marked *