October 19, 2024

၁၇. ၁၀. ၂၀၂၃
Written By Thandar

အသက် ၁၆ နှစ် အရွယ်ထဲက အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင် ဖူးပွင့်သခင်ကတော့ ပထမဦးဆုံး“အချိန်ကုန်မခံနဲ့” Music Video ခပ်မိုက်မိုက်လေးပရိသတ်ကို လက်ဆောင်ပေးမယ်လို့ ဆိုပါတယ်။

“ဖူးရဲ့ သီချင်းလေး လုပ်ထားတာ နည်းနည်းကြာပါပြီ။ ပရိသတ်ကို Surprise တိုက်ချင်တာမို့ ခုမှတင်ပေးလိုက်တာပါ။ အချိန်ကုန်မခံနဲ့ ဆိုတဲ့ဖူးရဲ့ ပထမဦးဆုံး သီချင်းလေးကို မြူးမြူးလေးဖန်တီးတယ်။ ကိုယ့်အနုပညာ ညီအစ်မတွေနဲ့ ခပ်မိုက်မိုက်လေး ချောင်းသာမှာ ရိုက်ကူးထားပါတယ်။ ပရိသတ်တွေလည်း ဖူးရဲ့ သီချင်းလေးကို အားပေးကြပါဦး” လို့ သရုပ်ဆောင် ဖူးပွင့်သခင်က MTNews Entertainment ကို ပြောပါတယ်။

အဆိုပါ သီချင်းကို တေးရေး စိုးသီဟ (ရောင်စဉ်လှိုင်း)က ရေးသားပေးပြီးတော့ ဒါရိုက်တာ Kina က သရုပ်ဆောင်တွေဖြစ်တဲ့ ဖူးပွင့်သခင် ၊ ချောကလျာ ၊ သံစဉ်မောင်တို့နဲ့အတူ ချောင်းသာဘက်မှာ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။

သူမရဲ့ Music Video ကို ယနေ့ည ၇ နာရီမှာ https://www.youtube.com/@phoopwintthakhinOfficial ဖူးပွင့်သခင်ရဲ့ YouTube ကနေ တင်ပေးမယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *