October 19, 2024

၁၇. ၁၀. ၂၀၂၃
Written by Thettant

ခရေပင်လမ်းမပေါ်ရှိ ရာသက်ပန်မှတ်တိုင်အနီးတွင် ယာဥ်ငါးစီးဆင့်တိုက်ရာမှ နံဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်အတွင်းသို့ပါ ကားများဝင်တိုက်မိမှု ယနေ့ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းမတည့်မီ ၁၁ နာရီခွဲ အချိန်ခန့်က မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမကြီးပေါ် ရာသက်ပန်မှတ်တိုင်အနီးတွင် ဘိလပ်မြေများသယ်ဆောင်လာသော တွဲကားယာဥ်၊ နိဗ္ဗာန်ယာဥ်နှင့် အာတီဂါယာဥ်များအပါအဝင် အိမ်စီးယာဥ်များ ၅ စီးဆင့်တိုက်မှူဖြစ်ပွားကာ အနီးရှိ HTLT လျှပ်စစ်ပစ္စည်းဆိုင်အတွင်းသို့ပါ ဘိလပ်မြေကားနှင့် အိမ်စီးယာဥ်သုံးစီးက ဆင့်ကဲတိုက်မိသွား​ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-17_14-19-54-1024x768.jpg

“စဖြစ်တာကတော့ ဘိလပ်မြေသယ်လာတဲ့ကားက ဘရိတ်ပေါက်ပြီး ဆင့်တိုက်ရာက လျှပ်စစ်ပစ္စည်းဆိုင်ထဲ တခြားကားတွေပါ ဝင်သွားတာလို့ မြင်တဲ့သူတွေကပြောတယ်။ အဲဒီမှာ နိဗ္ဗာန်ယာဥ်မောင်းကတော့ ထိခိုက်မှုနည်းနည်းရှိလို့ ဆေးရုံပို့ထားရတယ်။ အကြီးအကျယ်ထိခိုက်တာတော့ မရှိဘူး။ ကျန်တာကတော့ တာဝန်ရှိသူတွေ စစ်ဆေးနေတယ်။ သူတို့စစ်ဆေးချက်က ဘယ်လိုထွက်မလဲတော့ မသိဘူး” ဟု အခင်းဖြစ်စဥ်ကို တွေ့မြင်ခဲ့သူတစ်ဦးက MT News သို့ပြောသည်။

ထိုဖြစ်စဥ်ကြောင့် ခရေပင်လမ်းမကြီး၊ ခရေပင်လမ်းခွဲ၊ အမှတ် (၃) လမ်းဆုံတစ်ကြောတွင် နာရီအတော်ကြာ ယာဥ်ကြောပိတ်ဆို့နေခဲ့သည်ဟုလည်း သိရပြီး သမိုင်းလမ်းဆုံဂျာမေ့ဗလီနာရေးကူညီမှုအသင်းယာဥ်မောင်းမှာလည်း ရင်ဘတ်အောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့တင်ပို့ပေးထားရသည်ဟုလည်း ကနဦးသိရသည်။

(Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *