October 19, 2024

၁၇. ၁၀. ၂၀၂၃
Written by Nay Moe

စဥ့်ကိုင် PDF က အမျိုးသားတစ်ဦးကို ပျုခေါင်းဆောင်ဟုစွပ်စွဲကာ သ-တ်ဖြတ်လိုက်သည့်အပြင် ယနေ့တွင် မြို့သာရဲစခန်းကို PDF ၈ ဖွဲ့ပေါင်း၍ တိုက်ခိုက်မှု၌ ရဲတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးသည်ဟု Sintkaing Revolution Force- SRF က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အိုင်သာအုပ်စု တောင်ကုန်းကျေးရွာမှ ဦးသိန်းဌေးကို မြို့နယ်ပျူခေါင်းဆောင် သိန်းဌေး ဟု စွပ်စွဲကာ Sintkaing Revolution Force-SRF ၊ SPECIAL TASK FORCE -NGAZUN၊ JUSTICE RANGER FORCE၊ နဘက်တိုက်နယ် ပကဖနှင့် စဥ့်ကိုင် ပကဖ တို့ ပူးပေါင်းသ-တ်ဖြတ်ခဲ့သည်ဟု အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာမြို့မရဲစခန်းအား Sintkaing Revolution Force-SRFနှင့် မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆)ခွဲ(၃) SPECIAL TASK FORCE -NGAZUN တို့ တိုင်ပင် ပူးပေါင်းဆောင်ရွက်ကာ ယနေ့ နံနက် ၇ နာရီခန့်တွင် 40 မမ ဗုံးသီး ၂ဘလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးနှင့် တပ်သား ၄ ဦး နေရာတွင် သေဆုံးကာ ၂ ဦးမှာ အရေးပေါ်ဆေးကုသနေရသည်ဟုလည်း ယနေ့ထုတ်ပြန်ထားသည်။

မြို့သာမြို့မရဲစခန်းကို Sintkaing Revolution Force-SRF၊ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၆)ခွဲ(၃) SPECIAL TASK FORCE -NGAZUN၊ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၆)ခွဲ(၂) JUSTICE RANGER FORCE-NGAZUN၊ မြင်းခြံခရိုင် တပ်ရင်း အမှတ်(၆)ခွဲ(၁) နောင်ရိုး​အထူးပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် တပ်ရင်း(၂)၊ နဘက်တိုက်နယ် ပကဖနှင့် စဥ့်ကိုင် ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟုလည်း အသိပေးထားသည်။

စဥ့်ကိုင် PDF များက တောင်ကုန်းရွာနေ ဦးသိန်းဌေးအား မြို့နယ် ပျုခေါင်းဆောင်ဟုဆိုကာ စွပ်စွဲမှု သတ်ဖြတ်မှု မှန်ကန်မှုရှိမရှိနှင့် မြို့သာရဲစခန်းကို ပစ်ခတ်တိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးသည်ဆိုမှု မှန်ကန်မှု ရှိမရှိ MT News က စိစစ်နိုင်မှုမရှိဘဲ PDF များ ကျုးလွန်သည်ကိုသာ ယင်းတို့ သတင်းထုတ်ပြန်ချက်အရ ဖော်ပြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *