October 19, 2024

(Photo- MFSD)

၁၇. ၁၀. ၂၀၂၃
Written By Thettant

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦးသေဆုံးမှု ယနေ့မနက်အစောပိုင်းကဖြစ်​ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့မနက်အစောပိုင်း ၁ နာရီ ၃၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃/၂) နှင့် (၂၃/၃) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးအနက် အမျိုးသား ၁ ဦး သေဆုံးနေသည်ကို တွေ့ရှိရပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ကို ကူညီကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် သေဆုံးသူမှာ ယာဥ်မောင်းဖြစ်ပြီး ရန်ကုန်မြို့အဝင် ဇီးရိုးမိုင်သို့ ရပ်နားရန် မောင်းနှင်လာစဥ် အိပ်ငိုက်၍ ကုန်အပြည့်ပါသောယာဥ်မှာ လမ်းဘေးသို့တိုက်မိ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိတ်ဆွေတစ်ဦးက ကနဦးသိရသည်ကို MT News သို့ပြောသည်။

ထိုယာဥ်တိုက်မှု​ဖြစ်စဥ်တွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူတို့အား အမြန်လမ်း ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

(Photo- MFSD)

Leave a Reply

Your email address will not be published. Required fields are marked *