October 19, 2024

Photo - Hlegu Information Center

၁၇. ၁၀. ၂၀၂၃
written by KL

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ရပ်ကွက်အချို့နှင့်ကျေးရွာများတွင် ရေကြီးမှုကြောင့် ရေဘေးသင့်သူဦးရေ ၇၀၀၀ ကျော် ရှိခဲ့ရာမှ ယခုအခါရေများ ပြန်လည်ကျဆင်းနေသဖြင့် ပြည်သူ ၃၁၀၀ ကျော်သာ ကျန်ရှိတော့​ပြီး စာသင် ကျောင်း ၅၀ ကျော် ပိတ်ထားရကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။

လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ချောင်းရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ​မြို့မရပ်ကွက်၊ အောင်မင်္ဂလာ အပါအဝင် စုစု​ပေါင်း ရပ်​ကွက် ၄ ခုနှင့် မင်းကုန်း၊ အုန်းနှဲကုန်း၊ ဇရပ်ကွင်း၊ ကြာအင်း၊ ငါးဆူတောင်၊ကျွန်းကလေး၊ ကျောက်ကုဒင်၊ စွယ်လပ်၊ ဖောင်ကြီး(အရှေ့)၊စခန်းကြီး၊ ကလီထော်(အရှေ့)၊ စာဘူးတောင်း၊ သူငယ်ချောင်း၊ စစ်ပင်၊ ဝါးနက်ကုန်းစသည့် ကျေးရွာအုပ်စု ၁၇ စုတို့တွင် ရေဝင်ရောက်ခဲ့ကာ နေအိမ်များတွင် ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ရေကြီးမှုကြောင့် အိမ်ခြေ ၁၇၀၀ကျော် ရေဝင်ရောက်ပြီး အိမ်ထောင်စု ၁၇၀၀ ကျော်၊ လူဦးရေ ၇၀၀၀ ကျော်က ​ ယာယီစောင့်ရှောက်ရေးစခန်း ၄၅ နေရာတွင် ယာယီနေထိုင်ခဲ့ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှသိရသည်။
ရေကြီးမှုမှာ တဖြည်းဖြည်းရေများကျဆင်းလာသဖြင့် ယာယီစောင့်ရှောက်ရေးစခန်း ၂၃ ခုကို ထပ်မံပိတ်သိမ်းလိုက်သဖြင့် ယာယီစောင့်ရှောက်ရေးစခန်း ၂၂ ခုသာ ကျန်ရှိတော့ပြီး အိမ်ထောင်စု ၈၃၅ စု ၊ လူဦးရေ ၃၁၄၉ ဦးသာ ကျန်ရှိတော့​ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများ၏ စာရင်းများအရသိရသည်။

” ရေကတော့ တဖြည်းဖြည်းကျနေပါပြီ။ တချို့နေရာတွေမှာတော့ ရေရှိနေသေးတာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်နေတာတွေ အစားအစာဝေငှတာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ကယ်ဆယ်ရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။

Photo – Hlegu Information Center

Leave a Reply

Your email address will not be published. Required fields are marked *