October 19, 2024

၁၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံချက်ဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့နဲ့ နိုင်ငံတွေအကြား အကျိုးတူဆွေးနွေးပွဲတွေပြုလုပ်ဖို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ နိုင်ငံတကာလေဆိပ်ကို အောက်တိုဘာ ၁၇ ရက် နံနက်မှာ ရောက်ရှိလာတယ်လို့ သိရပါတယ်။

ပထမနေ့မှာ ညီလာခံတက်ရောက်လာတဲ့ အခြားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ နှစ်ဖက်အကျိုးတူ ဆွေးနွေးပွဲတွေ ပူတင်က ပြုလုပ်မှာဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ဗီယက်နမ်နဲ့မွန်ဂိုလီးယားတို့လည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ရုရှားသမ္မတက ညီလာခံကိုတက်ရောက်လာတဲ့ ကိုယ်စားလှယ်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နဲ့ဇနီးက ကြိုဆိုတဲ့အခမ်းအနားကို တက်ရောက်မှာပါ။

This image has an empty alt attribute; its file name is photo_2023-10-17_10-38-26-1024x682.jpg

ရပ်ဝန်းနဲ့ ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေးစီမံချက်ဆိုင်ရာ ညီလာခံကတော့ အောက်တိုဘာ ၁၈ ရက်မှာ စတင်ဖွင့်လှစ်ကျင်းပမှာဖြစ်ပြီး ပူတင်က ညီလာခံ တက်ရောက်မိန့်ခွန်းပြောကြားမှုတွေပြုလုပ်ကာ တက်ရောက်လာတဲ့နိုင်ငံတွေနဲ့ နှစ်ဖက်အကျိုးတူဆွေးနွေးပွဲတွေလည်း ပြုလုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Ref——Xinhua, Tass

Leave a Reply

Your email address will not be published. Required fields are marked *