October 19, 2024

၁၇.၁၀.၂၀၂၃
Written By Thandar

ချစ်စရာကောင်းပြီး Body ခပ်မိုက်မိုက်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော အိချောပိုကတော့ With ဆိုပြီး သီတင်းကျွတ်အမီ မကြာခင်လက်ထပ်မယ့် ချစ်သူကို ပရိသတ်သိဖို့ အတိအလင်းချပြလာပါတယ်။

ချစ်သူသက်တမ်း ၄ နှစ်ရှိပြီဖြစ်တဲ့ Moses Mone နဲ့ လာမယ့် နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာ ထိုင်းနိုင်ငံ Nai Yang Beach ရှိတဲ့ Phuket Marriott Resort & Spa မှာ မင်္ဂလာပွဲကျင်းပမယ့် ဖိတ်စာလေး ထွက်ပေါ်လာခဲ့ပြီးနောက် အခုလို နှစ်ယောက်တွဲပုံလေးတွေကို ပရိသတ်ကို ‌ချပြလာတာပါ။

သူ့မရဲ့ Post အောက်လေးမှာ “လိုက်ဖက်အတွဲညီတဲ့ စုံတွဲလေးပါ ညီမလေးရေ၊ သိပ်ချောတဲ့ ချစ်သူကိုအမျိုးစုံချပြတဲ့ချစ်သမီး၊ So…perfect couple, Congratulations, Elegant တစ်ယောက်တည်းတောင်အမြဲလှနေတာ Wedding Dress လေးနဲ့မြင်ရဖို့ အရမ်းတွေရင်ခုန်နေပါပြီ My Princess ရေ၊ အရမ်းလိုက်ဖက်သော မောင်လေးနဲ့ညီမလေး၊ တရက်တခါချွေတယ်ကွာ၊ ဟာ အရမ်းအားကျသွားသည်၊ ကြည့်ပြီး ပီတိလေးဖြစ်နေမိတယ်” စတာတွေကို အနုပညာရှင်အသိုင်းအဝိုင်း မောင်နှမတွေနဲ့ ပရိသတ်တွေက ဝမ်းသာပီတိဖြစ်ပြီး ဆုမွန်တွေတောင်းပေးနေကြပါတယ်။

အခုလို Comment တွေရဲ့ အောက်မှာလည်း အိချောပိုက တစ်ခုချင်းဆီ Reply လေးတွေကို စိတ်ရှည်လက်ရှည်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အိချောပိုက အောက်တိုဘာ ၁၅ ရက်နေ့က ရုပ်ရှင်ကားရိုက်ကူးရေးနောက်ဆုံးနေ့မှာ ကိုယ့်အနုပညာလောက အဖွဲ့သားတွေအတွက် ဆန်၊ ဆီတွေ ဝေပေးပြီ အလှူ​လေးလုပ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *