October 19, 2024

၁၆. ၁၀. ၂၀၂၃
Written by Nay Moe

ဒလန်တွေ အရှင်မထားဘူးလို့ ကြုံးဝါးပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို PDF ၆ ဦးက လာရောက်သ-တ်ဖြတ်မှု မြင်းခြံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီခွဲမှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ အဆိုပါကျေးရွာနေ ဒေါ်လှလှဟန်(၄၈)နှစ်ဟာ နေအိမ်မှာ တစ်ရွာတည်းနေ ဦးမောင်မောင်မြင့်(၄၀)နှစ်နဲ့ စကားပြောနေချိန် PDF ၆ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးနဲ့ ရောက်ရှိလာပြီး “ဒလန်တွေအရှင်မထားဘူး”လို့ ကြုံးဝါးပြောဆိုရင်း သေနတ်နဲ့ ပစ်ခတ်သ-တ်ဖြတ်သွားခဲ့တာကြောင့် ဦးမောင်မောင်မြင့်မှာ ဦးခေါင်းယာဘက်ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဝဲဘက်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဒေါ်လှလှဟန်မှာ နဖူးယာဘက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

အခင်းဖြစ်ချိန်မှာ ဒေါ်လှလှဟန်ရဲ့ အမျိုးသားဦးသန်းနိုင်က နေအိမ်အတွင်း ပုန်းအောင်းနေနိုင်တာကြောင့် သ-တ်ဖြတ်မခံရဘဲ လွတ်မြောက်သွားခဲ့တာကြောင့် ဖြစ်စဉ်ကို သိခဲ့ရတာဖြစ်သလို အလောင်းတွေကို မြင်းခြံခရိုင် ပြည်သူ့ဆေးရုံပို့ခဲ့သလို ပစ်ခတ်သ-တ်ဖြတ်သူ PDF ၆ ယောက်ကိုလည်း နမစ(ဆီမီးခုံ)(ပ)၃၈/၂၀၂၃၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *