October 19, 2024

၁၅. ၁၀. ၂၀၂၃

Written by Min Mahar

နေအိမ်အတွင်းရှိနေသော လင်မယားနှစ်ဦးအား PDF ၈ ဦးက”ဒလန်”လင်မယားဟုဆိုကာ သေနတ်ဖြင့် ပစ်သ-တ်မှု ငါန်းဇွန်မြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၁၅ ရက်)မနက် ၁၀ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာ(ခ)တလင်းကုန်းကျေးရွာနေထိုင်ကြသော အသက် ၄၉ နှစ်အရွယ်အမျိိုးသားနှင့် အသက် ၅၃ နှစ်အရွယ်အမျိုးသမီးတို့လင်မယားနှစ်ဦး နေအိမ်အတွင်း၌ရှိနေစဉ် ဆိုင်ကယ် ၄ စီးဖြင့် PDF ၈ ဦး ရောက်ရှိလာပြီး”ဒလန်”လင်မယားဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်သ-တ်၍ ထွက်ပြေးသွားကြောင်း အမည်မဖော်လိုသည့် တစ်ရွာတည်းနေ မျက်မြင်တစ်ဦးပြောပြချက်အရ သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ခင်ပွန်းဖြစ်သူတွင် ဦးခေါင်းနောက်စေ့၊ ဝဲဘက်လက်မောင်းနှင့် ယာဘက်ရင်အုံကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာများနှင့် ဇနီးဖြစ်သူတွင်လည်း ဝဲဘက်နံအောက်ပိုင်း၊ ဝဲဘက်လက်ဖျံနှင့် ယာဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာ၌ပင်သေဆုံးသွားသဖြင့် သေဆုံးသူ ၂ ဦး၏ အလောင်းအား မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာ အခင်းဖြစ်ရာအနီးမှ အမ်-၂၂ ကျည်ခွံ ၄ ခုအား သိမ်းဆည်းရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *