၁၅. ၁၀. ၂၀၂၃
Written by Min Mahar
ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် PDF အဖွဲ့များပစ်ချလိုက်သော Drop Bomb ပေါက်ကွဲမှုဖြစ်ပြီး အသက် ၉ လသားအရွယ်ကလေးငယ်တစ်ဦး ဗုံးစထိမှန်သွားမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁၄ ရက်)ညနေ ၅ နာရီခွဲကျော်က PDF အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြုကာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အတွင်းသို့ Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် Drop Bomb သည် ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၉ လသားအရွယ်ကလေးငယ်(ယောကျာ်းလေး) တစ်ဦး၏ ဝမ်းဗိုက်ကို ဗုံးစထိမှန်သွားသည့်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များမှ ၎င်းကလေးငယ်အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။